ဆံပင်အဆီပြန်တာက ရာသီဥတုပူလာတဲ့ နွေရာသီမှာဆိုရင်ပိုဆိုးပါတယ်။ ချွေးနဲ့အဆီနဲ့ရောပြီး အဆီပိုပြန်စေပါတယ်။ ဦးရေပြားယားယံစေပါတယ်။ ဆံပင်အဆီပြန်လို့ ခေါင်းလျှော်လိုက်၊ အဆီပြန်တာက ပိုဆိုးလာလိုက်နဲ့ ဖြစ်နေမှာပါ။ ဒါကြောင့် ဆံပင်အဆီပြန်ခြင်းကို ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

Silicone-free Shampoo သုံးပါ

Shampoo သုံးတဲ့အခါမှာ Silicone-free ဖြစ်တဲ့ Shampoo ကို သုံးပေးမယ်ဆိုရင်တော့ ဆံပင်အဆီပြန်တာ သက်သာစေပါတယ်။

Conditioner ကို ဆံပင်အရင်းအထိ မသုံးပါနဲ့

Conditioner သုံးတဲ့အခါမှာ ဆံပင်ကို အလယ်ကနေစပြီးပဲသုံးပေးပါ။ ဦးရေပြားထိအောင် မသုံးပါနဲ့။ Conditioner က ဦးရေပြားကိုထိရင် ခေါင်းလျှော်ပြီးလည်း ဆံပင်ကစေးနေတာမျိုးဖြစ်သလို ခဏလေးနဲ့လည်း ဆံပင်အဆီပြန်လာစေပါတယ်။

Dry Shampoo သုံးပါ

ခဏခဏခေါင်းလျှော်ရင် ဆံပင်အဆီပြန်တာက ပိုဆိုးလာပါလိမ့်မယ်။ တစ်ပတ် ၂ ကြိမ်ထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။ ဒါကြောင့် ဆံပင်အဆီပြန်လာရင် ခေါင်းမလျှော်ပဲ Dry Shampoo သုံးပါ။

သဘာဝအတိုင်းဆံပင်အခြောက်ခံပါ

Hair Dryer သုံးတာကလည်း ဆံပင်ကိုပိုပြီးတော့ မြန်ဆန်စွာ အဆီပြန်စေပါတယ်။ ဒါကြောင့် ဆံပင်အဆီပြန်တာ သက်သာချင်တယ်ဆိုရင်တော့ တတ်နိုင်သမျှ သဘာဝအတိုင်း အခြောက်ခံပါ။ Microfiber မျက်နှာသုတ်ပုဝါကို သုံးပြီးတော့ ဆံပင်ကို ရေညှစ်ပြီး လေနဲ့ ခြောက်အောင်ထားလိုက်ပါ။

ဘီးကိုပုံမှန်သန့်စင်ပါ

ဆံပင်ဖြီးတဲ့ဘီးတွေက အချိန်ကြာလာတာနဲ့အမျှ ဦးရေပြားနဲ့ဆံသားက အဆီနဲ့အညစ်အကြေးတွေ ကပ်နေပါတယ်။ တစ်ပတ်တစ်ခါ ဘီးကိုမသန့်စင်ပဲ ဖြီးနေမယ်ဆိုရင်တော့ ခေါင်းလျှော်ပြီးလည်း အဆီနဲ့အညစ်အကြေးတွေက ဆံပင်မှာပြန်ကပ်ပြီး အဆီပြန်ခြင်းကို ပိုဖြစ်လာစေပါတယ်။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

ရေနွေးနဲ့ရေချိုးက စိတ်ဖိစီးမှုတွေလျော့ကျစေပေမယ့်လည်း ဆံသားအတွက်ကျတော့ ရေနွေးက ဆံပင်နဲ့ဦးရေပြားက သဘာဝအဆီတွေကို ဖယ်ထုတ်ပေးပြီး ဆံပင်ကို ခြောက်သွေ့အက်ကွဲစေပါတယ်။ ဒါ့အပြင် ဦးရေပြားကို ပိုလျှံနေတဲ့အဆီတွေပိုထုတ်ပေးပြီး ဆံပင်အဆီပြန်ခြင်း ဖြစ်စေပါတယ်။

ဦးရေပြားကို Exfoliate လုပ်ပါ

မျက်နှာနဲ့ Body ကို Exfoliate လုပ်သလိုပဲ ဦးရေပြားကိုလည်း Exfoliate လုပ်ဖို့လိုအပ်ပါတယ်။ Exfoliate လုပ်ပေးတာက ဆံပင်အဆီပြန်ခြင်းကို သက်သာစေပြီး ဦးရေပြားသန့်ရှင်းစေပါတယ်။ Homemad Hair Scrub လုပ်မယ်ဆိုရင်တော့ ပင်လယ်ဆားနှစ်ဇွန်းကို သံပုရာရည်၊ သံလွင်ဆီ နှစ်ဇွန်းစီထည့်ပြီး ရောမွှေပါ။ ပြီးရင် ဦးရေပြားကို ညင်သာစွာပွတ်ပေးပြီး လက်ချောင်းတွေနဲ့ နှိပ်နယ်ပေးပါ။ ဆံပင်အဆီပြန်တာ သက်သာလာပါလိမ့်မယ်။