Stress တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ဘယ်လို stress မျိုးပဲဖြစ်ဖြစ် တစ်နာရီအတွင်းမှာ လျော့ကျသွားအောင်လုပ်လို့ရတဲ့ နည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ

အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်လိုက်ပါ။ တိတ်ဆိတ်ပြီးအေးတဲ့နေရာမှာ တရားထိုင်ပေးခြင်းက stress တွေသိသိသာသာကို လျော့ကျစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

လမ်းလျှောက်ပါ

ညနေခင်းမှာ လမ်းလျှောက်တာမျိုးလုပ်ပေးခြင်းကလည်း stress တွေလျော့ကျစေပါတယ်။ လမ်းလျှောက်တာအပြင် ပြေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

ရယ်စရာတွေကြည့်ပါ

ရယ်စရာတွေကြည့်ရင်းနဲ့ အားရပါးရရယ်မောလိုက်ရင် stress တွေလျော့ကျပြီး စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ ဒါကြောင့် ရယ်စရာတွေကြည့်လိုက်ပါ။ တစ်နာရီတောင်မကြာပဲ stress တွေလျော့ကျသွားပါလိမ့်မယ်။

ရေကူးပါ

ရေကူးတတ်တဲ့သူတွေဆိုရင် ရေကူးပါ။ ရေကူးတာက stress တွေလျော့ကျပြီး ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေပါတယ်။

ယောဂကျင့်ပါ

အလုပ်ကြောင့်ပဲဖြစ်ဖြစ် တခြားအကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် stress အမြဲရှိနေတဲ့သူတွေဆိုရင် ယောဂသင်တန်းတက်ပြီး ယောဂကျင့်တာကို လုပ်ကြည့်ပါ။ ယောဂကျင့်ခြင်းက အချိန်တိုအတွင်းမှာ stress တွေ သိသိသာသာ လျော့ကျစေပါတယ်။

Massage လုပ်ပါ

အချိန်ရရင် တစ်နာရီလောက် massage လုပ်လိုက်ပါ။ Stress တွေလျော့ကျပြီး အညောင်းအညာလည်းပြေကာ နေရတာ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

ကခုန်ပါ

ကခုန်ရတာဝါသနာပါတဲ့သူတွေဆိုရင်တော့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ပြီး ကခုန်လိုက်ပါ။ စိတ်ပျော်လာပြီး stress တွေအားလုံး ယူပစ်လိုက်သလို ပျောက်သွားပါလိမ့်မယ်။