ကျွန်မတို့ အားလုံးဟာ အချိန်တစ်ခုခုမှာတော့ ကိုယ့်ကိုယ်ကိုယ် ဖြစ်ပါ့မလား၊ လုပ်နိုင်ပါ့မလား ဆိုပြီး သံသယ ဝင်တတ်ကြပါတယ်။ လမ်းကြောင်းသစ် တစ်ခု စတဲ့အချိန်၊ စာမေးပွဲ ဖြေရမယ့်အချိန်၊ ကစားပွဲ ပြိုင်တဲ့အချိန် စတဲ့ အချိန်တွေမှာ ကိုယ်လုပ်နိုင်ပါ့မလား သံသယ ဝင်လေ့ရှိကြပါတယ်။ ဒီလို သံသယ ဝင်စိတ်က ခွန်အားတွေ ပြန်ရလာဖို့ လမ်းစတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို သံသယဝင်စိတ်က သင့်အောင်မြင်မှု လမ်းကြောင်းကို နှေးကွေးစေနိုင်ပါတယ်။ ဒီထဲမှာတော့ ဒီသံသယ ဝင်စိတ်ကို လုံးဝ မရောက်လာအောင် လုပ်နိုင်မယ့် အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် အားပေးတတ်အောင် လေ့ကျင့်ပါ

အမှားနဲ့ ကင်းတဲ့ လူရယ်လို့ မရှိသလို မကျရှုံးဖူးတဲ့လူလည်း မရှိပါဘူး။ မှန်ရှေ့မှာ ကြည့်ပြီး မနက်အစမှာ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ စကား ၃ ခွန်းကို ပုံမှန် ပြောသင့်ပါတယ်။

၂။ အရင်က အောင်မြင်ခဲ့ဖူးတာတွေကို ပြန်တွေးပါ

လက်ရှိအချိန်ကို ရောက်လာဖို့ အရင်က ကြိုးစားခဲ့ရတာတွေ ရှိမှာပါ။ သင့်ကိုယ်သင် သံသယ ဝင်လာတာနဲ့ အရင်က အောင်မြင်ခဲ့ဖူးတာတွေ၊ အသိအမှတ် ပြုခံခဲ့ရဖူးတာတွေကို ပြန်တွေးသင့်ပါတယ်။

၃။ တခြားသူတွေနဲ့ နှိုင်းယှဉ်မိတာကို ရှောင်ပါ

သင်နဲ့ တခြားသူကို နှှိုုင်းယှဉ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်စိတ် ပေါ်လာပါလိမ့်မယ်။ အရေးအကြီးဆုံးက သင့်ကိုယ်သင် ပဲ အာရုံစိုက်ကာ ကြိုးစားနေသင့််ပါတယ်။

၄။ သင့်အချိန်ကို ပံ့ပိုးအားပေးတတ်သူတွေနဲ့ ကုန်ဆုံးပါ

သင့်ကို စိတ်ခွန်အားတက်အောင် အမြဲ အားပေးတဲ့ စကားပြောပေးတဲ့ မိတ်ဆွေ တွေရှိမှာပါ။ သင့်ကို အားငယ်စိတ် ဖြစ်စေတဲ့ လူတွေနဲ့ မပေါင်းဘဲ အားပေးကာ ယုံနိုင်တဲ့ မိတ်ဆွေတွေနဲ့ပဲ ဝန်းရံထားသင့်ပါတယ်။

၅။ သင်က သင့်အတွက် ရန်သူဆိုတာ သိထားပေးပါ

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိမယ်ဆိုရင် ကိုယ်တိုင်က ကိုယ်ပိုင် ရန်သူ ဖြစ်သွားတတ်ပါတယ်။ ကိုယ့်အတွေးက အဆိုးဘက်ချည်းပဲ ရောက်မယ်ဆိုရင် သင့် သံသယက ပိုဆိုးကာ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။

၆။ Journaling လုပ်ပါ

စာအုပ်တစ်အုပ်ထဲမှာ သင့်ကိုယ်သင် ဘာတွေ သဘောကျလဲ၊ သင်က ဘာတွေကို ကျေးဇူးတင်လဲ စတာတွေကို ရေးသင့်ပါတယ်။ Journaling လုပ်တာက Self-Doubt အတွက် အသုံးဝင်သလို စိတ်ညစ်တာပါ သက်သာလာပါလိမ့်မယ်။

၇။ သင့်အတွေးတွေကို ဆန်းစစ်ပါ

မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်က ကိုယ့်အတွေးသပ်သပ်ပါပဲ။ ကိုယ့်အတွေးမှာ ဘာတွေ ဖြစ်နေလဲ အသေးစိတ် လိုက်ကြည့်သင့်ပါတယ်။ ဒီလို လုပ်တာက အစပိုင်း ခက်ခဲပေမယ့် ကျင့်သားရလာမယ်ဆိုရင် ကိုယ့်အတွေးကို ကိုယ် ပိုသိလာပါလိမ့်မယ်။

Photo source: Pinterest

By MyStyle Myanmar