ချွေးပေါက်ကျဉ်းစေတဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။ တချို့တွေက အလှကုန်ပစ္စည်းတွေကို ညွှန်းပေးကြသလို တချို့တွေကတော့ သဘာဝ နည်းလမ်းတွေအတိုင်း လုပ်ကြည့်လို့ အကြံပေးကြပါတယ်​။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ချွေးပေါက်ကို လုံးဝ ကျဉ်းစေမယ့် နည်းလမ်းမျိုး မရှိဘဲ ချွေးပေါက်ကို ပါးလာအောင်ပဲ လျှော့ချန်ိုင်ပါတယ်​။ အောက်က နည်းလမ်းတွေကို တစ်ချက် ကြည့်ကြည့်ပါ။

၁။ ချေးချွတ်ပါ

မျက်နှာမှာ အညစ်အကြေးတွေ၊ ဖုန်မှုန့် အဆီတွေ ပိတ်မိသွားမယ်ဆိုရင် ချွေးပေါက်ပို ကျယ်လာပါလိမ့်မယ်။ ဒါကြောင့် မျက်နှာကို တစ်ပတ်တစ်ခါ ချေးချွတ်သင့်ပါတယ်။

၂။ Toner သုံးပါ

Toner ကို ချွေးပေါက်ကျဉ်းသွားအောင် သုံးနိုင်ပါတယ်။ အာနိသင်ပြင်းတဲ့ တိုနာတွေ၊ Witch Hazel တွေက ချွေးပေါက်ကျဉ်းစေနိုင်ပါတယ်။

၃။ Mask ကပ်ပါ

Mask ကိုမှ ချွေးပေါက်ကျယ်တာ လျော့ပါးစေတဲ့ Clay Mask ကို သုံးသင့်ပါတယ်။ Clay mask ကချွေးပေါက်ကျယ်တာ အတွက် သင့်တော်သလို အဆီပြန်တာလည်း လျော့ပါးစေပါတယ်။

၄။ Pore Strips

Pore Strips တွေက ဆားဝက်ခြံ ပျောက်စေတဲ့အပြင် ချွေးပေါက်ပါ ကျဉ်းစေပါတယ်။ DIY Pore Strips နည်းလမ်းတွေ ရှိသလို အလှကုန်ဆိုင်တွေမှာလည်း ဝယ်နိုင်ပါတယ်။

၅။ အမည်းစက်တွေကို ဖယ်ရှားပါ

အမည်းစက်တွေ များရင် ချွေးပေါက်ကျယ်တာ ပိုသိသာသွားစေပါတယ်။ ဒါကြောင့် Skin Care Professional Treatment တွေမှာ အမည်းစက်တွေကို ဖယ်ရှားသင့်ပါတယ်။

၆။ Primer သုံးပါ

Photo Source: Makeup Muddle

ချွေးပေါက်ချက်ချင်း ကျဉ်းသွားစေဖို့ Primer ကို သုံးနိုင်ပါတယ်။ Primer က ချွေးပေါက်ထဲ နေရာဝင်ကာ ချွေးပေါက် ကျဉ်းသွားစေနိုင်သလို မိတ်ကပ်ပါ ကြာရှည်ခံစေပါတယ်။

၇။ မိတ်ကပ်သား ပါးပါးလေးပဲ လိမ်းပါ

မိတ်ကပ်ထူသွားရင် ချွေးပေါက်ကျယ်တာကို ပိုသိသာစေပါတယ်​။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါ ပေါ့ပေါ့ပါးပါးလေးပဲ လိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar