သင်နဲ့ သင့်ချစ်သူမကြာခဏရန်ဖြစ်နေကြပါသလား။ ရန်ဖြစ်ပြီးတဲ့နောက် ပြန်ပြေလည်ဖို့ ခက်ခဲနေပါသလား။ အခုဖော်ပြမဲ့နည်းလမ်းလေးတွေနဲ့ သင့်ချစ်သူစိတ်ဆိုးပြေအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ရိုဆန်တဲ့ ညနေခင်းလေးကို သူ့အတွက် ဖန်တီးလိုက်ပါ

Photo Source: www.newlovetimes.com

သင့်ချစ်သူအတွက် ထူးခြားတဲ့အရာတစ်ခုဖန်တီးပေးခြင်းက သင်တို့နှစ်ယောက်ကြားက ရန်ပွဲကို မေ့သွားစေမှာပါ။ ညနေခင်းမှာ ရုပ်ရှင်သွားအတူတူကြည့်ဖို့ စီစဉ်တာပဲဖြစ်ဖြစ်၊ မုန့်အတူတူသွားစားတာပဲဖြစ်ဖြစ် စီစဉ်ပေးလိုက်ပါ။ ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကောက်နေပါစေ သင် သူ့ကိုချော့ဖို့ကြိုးစားနေတာကို သူသိရင် စိတ်ဆိုးပြေမှာပါ။

၂။ တောင်းပန်တဲ့စာလေး၊ ကဗျာလေးရေးမယ်

Photo Source: www.saraharberson.com

ရန်ဖြစ်ပြီးတဲ့နောက်မှာ မှားသွားပါတယ်လို့ တောင်းပန်သင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ဘက်ကစမှားတာဆိုရင် ပိုလို့တောင် တောင်းပန်သင့်ပါတယ်။ သင်က ကဗျာမဖွဲ့နွဲ့တတ်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ အဓိက က သင့်စိတ်ရင်းအမှန်ကို တစ်ဖက်လူခံစားမိဖို့ပါပဲ။

၃။ ရန်ဖြစ်ရခြင်းအကြောင်းအရင်းကို ရှာဖွေပါ

တစ်ခါရန်ဖြစ် တစ်ခါလက်ဆောင်နဲ့ ပြန်ချော့ရဆိုရင် မဟန်ပါဘူးနော်။ ရန်ဖြစ်ရခြင်းအကြောင်းအရင်းကို နှစ်ယောက်အတူတူဆွေးနွေးပြီး ရှေ့ဆက်လျှောက်မဲ့ခရီးလမ်းမှာ ဘယ်လိုနားလည်မှုယူကြမလဲဆိုတာကို သေချာဆွေးနွေးပါ။

၄။ တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်ပေးပါ

သင်က မျက်နှာငယ်လေးနဲ့ မှားသွားကြောင်း ဝန်ခံပြီး သူ့ကို ယုယုယယထွေးပွေ့လိုက်မယ်ဆို စိတ်ဆိုးနေတဲ့ သင့်ချစ်သူ အရည်ပျော်သွားပါလိမ့်မယ်။

၅။ သင့်သူငယ်ချင်းတွေရှေ့မှာ သူ့ကိုတောင်းပန်ပါ

 

သင့်သူငယ်ချင်းတွေရှေ့မှာ တောင်းပန်လိုက်တာက သင်က အမှားကို အမှားမှန်းသိပြီး အတ္တကြီးသူတစ်ယောက်မဟုတ်ဘူးဆိုတာကို ဖော်ပြလိုက်တာပါပဲ။ ဒါ့အပြင် သင့်သူငယ်ချင်းတွေကလည်း သင့်ချစ်သူစိတ်ဆိုးပြေအောင် ကူပြောပေးကြပါလိမ့်မယ်။

၆။ ရေဒီယိုမှာ သူ့အတွက် သီချင်းတောင်းပါ

Photo Source: www.sayidaty.net

ဒီနည်းလမ်းလေးကတော့ အချိန်ကိုက်ဖြစ်ဖို့လိုပါတယ်။ ရေဒီယိုမှာ သူ့အတွက် သီချင်းတောင်းပြီးသွားရင် သူ့အရှေ့မှာ ရေဒီယိုဖွင့်ပြပြီး သူ့မျက်နှာအမူအရာကို သေချာအကဲခတ်ပါ။ သူ့မျက်နှာမှာ ပြုံးရိပ်သန်းသွားရင် အခြေအနေကောင်းသွားပါပြီ။

၇။ သူနဲ့အတူ ဂိမ်းဆော့ပါ

Photo Source: www.freepik.com

သင်က ဂိမ်းဆော့ရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သင့်ချစ်သူအကြိုက်ဆုံး ဗီဒီယိုဂိမ်းကို အတူတူလိုက်ဆော့ပေးပါ။ ပထမတော့ စိတ်မပါတဲ့အရိပ်အယောင်ပြပါလိမ့်မယ်။ နောက်ပိုင်းကျရင်တော့ သင်ပြန်ချော့ဖို့ ကြိုးစားနေတာကို သိတဲ့အတွက် သူ့ဖက်ကလည်း သင့်ကို အလျော့ပေးလာပါလိမ့်မယ်။ ဒီနည်းလမ်းလေးကတော့ စိတ်ဆိုးနေတဲ့ကောင်လေးတွေ ဂိမ်းဆော့ရတာကြိုက်တဲ့ကောင်လေးတွေအတွက် အကောင်းဆုံးချော့နည်းလေးပါပဲ။