လက်သည်းနီကလည်း အိမ်မှာဆိုးရင် ခြောက်ပြီထင်ပြီး တစ်ခုခုလုပ်မိရာကနေ တွန့်ကုန်တာမျိုး၊ ပျက်ကုန်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ မခြောက်မချင်းထိုင်ပြီး ဘာမှမလုပ်ပဲနေရင်လည်း အချိန်ကြာပါတယ်။ ဒါကြောင့် ဆိုးထားတဲ့လက်သည်းနီကို အမြန်ခြောက်အောင် လုပ်နိုင်တဲ့ နည်းလမ်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။

လက်သည်းနီကိုပါးပါးပဲဆိုးပါ

လက်သည်းနီကို အထူကြီးဆိုးရင် တော်ရုံနဲ့မခြောက်ပါဘူး။ အကြာကြီးထားပြီး ခြောက်သွားပြီထင်လို့ တစ်ခုခုလုပ်မိရာကနေ တွန့်သွားတာ၊ ပျက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းနီကို ပါးပါးပဲဆိုးပါ။

ရေအေးနဲ့အခြောက်ခံပါ

လက်သည်းနီဆိုးပြီးရင် ရေခဲရေထဲကို လက်ထည့်စိမ်ထားတာမျိုး လုပ်ပေးရင်လည်း ဆိုးထားတဲ့လက်သည်းနီ အမြန်ခြောက်စေပါတယ်။

ရေခဲသေတ္တာထဲထည့်ပါ

တကူးတက ရေခဲရေစိမ်တာမျိုး မလုပ်ချင်ရင် ရေခဲသေတ္တာထဲ လက်ခဏထည့်ထားတာမျိုး လုပ်ပေးရင်လည်း ရပါတယ်။

တစ်ထပ်ဆိုးပြီးရင်အချိန်စောင့်ပါ

လက်သည်းနီဆိုးတဲ့အခါမှာ တစ်ခါထဲနဲ့ အထပ်ထပ်ဆိုးတာမျိုး မလုပ်ပါနဲ့။ ခြောက်ဖို့ ပိုခက်ပါတယ်။ ဒါကြောင့် တစ်ထပ်ဆိုးပြီးရင် အချိန်စောင့်ပြီး ခြောက်သွားမှ နောက်တစ်ထပ်ဆိုးတာမျိုး လုပ်ပေးပါ။

Hairspray ဖြန်းပါ

လက်သည်းနီဆိုးပြီး မိနစ်အနည်းငယ်လောက်နေရင် Hairspray ကို လက်သည်းနဲ့ 8 လက်မအကွာကနေ ဖြန်းပေးပါ။ လက်သည်းနီခြောက်တာ မြန်စေပါတယ်။

Nail-Drying Spray သုံးပါ

ဆိုးထားတဲ့လက်သည်းနီ အမြန်ခြောက်အောင်လုပ်တဲ့ Nail-Drying Spray တွေ ရှိပါတယ်။ အဲ့တာကို လက်သည်းနီဆိုးပြီးရင် ဖြန်းပေးပါ။ လက်သည်းနဲ့ 10 လက်မ အကွာကနေ ဖြန်းပေးပါ။ တစ်ကြိမ်၊ နှစ်ကြိမ် ဖြန်းပေးနိုင်ပါတယ်။

Fast-Drying Nail Polish or Top Coat သုံးပါ

လက်သည်းနီကိုမှ အမြန်ခြောက်စေတဲ့ Fast-Drying Nail Polish တွေသုံးတာမျိုး ဒါမှမဟုတ် ကိုယ်ဆိုးချင်တဲ့ လက်သည်းနီဆိုးပြီးရင် Fast-Drying Top Coat ထပ်ဆိုးလိုက်တာမျိုး လုပ်ပေးရင်လည်း လက်သည်းနီအမြန်ခြောက်စေပါတယ်။