ပျော်ရွှင်ကာ ကျန်းမာဖို့အတွက် အမြဲ အလုပ်တာဝန်တွေ ပြီးစီးအောင် လုပ်နေသင့်ပြီး အချိန်တိုင်းမှာ နေထိုင်ကာ တစ်ခုခု လုပ်နေသင့်ပါတယ်။ ဒီနည်းလမ်းကပဲ သင့်ကိုယ်သင် အားကိုးကာ ရပ်တည်နိုင်မယ့် နည်းလမ်းပါ။ အလုပ်နဲ့ လက် မပြတ်ဘဲ ထားတဲ့ နည်းလမ်းကပဲ အသည်းကွဲနေတဲ့ ကောင်မလေးတွေအတွက် ကုစားရာပါ။

အလုပ်ပြီးစီးခြင်းက သင့်ကို ပိုအာရုံစိုက်အား ကောင်းလာစေပြီး အကောင်းမြင်စိတ် များလာစေပါတယ်။ ဒီတော့ Single ကောင်မလေးတွေအတွက် အမြဲ မအားနေရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-

၁။ သင် နှစ်သက်ရာ အလုပ်ကိုရှာဖွေပါ

အလုပ်အမြဲ မအားစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်နှစ်သက်တဲ့ အလုပ်တွေကို ရှာဖွေတာပါ။ သင်လုပ်ရတာ ကြိုက်တဲ့ အရာတွေကို ရှာဖွေပြီး ဒါအတွက် အချိန်ပေးသင့်ပါတယ်။ ကိုယ်ကြိုက်တာ လုပ်နေရရင် အချိန်ကုန်မှန်းတောင် သိမှာ မဟုတ်ပါဘူး။

၂။ သင်တန်းတွေ လိုက်တက်ပါ

ကိုယ် စိတ်ဝင်စားတဲ့ သင်တန်းတွေကို လိုက်တက်တာက အမြဲ အလုပ်ရှုပ်နေဖို့ နည်းလမ်းပါပဲ။ သင်တန်းမျိုးစုံကို လိုက်ရှာ တက်သင့်ပါတယ်။ဒီလို သင်တန်းတွေ လိုက်တက်နေတာက သင့်စိတ်ကို ပိုပေါ့ပါးစေပြီး ပိုပျော်ရွှင်စေပါတယ်။

၃။ လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ် အချိုးအစား လှစေသလို စိတ်ဖိစီးမှုပါ လျော့ပါးစေပါတယ်။ ဒီနည်းလမ်းက သင့်ကို အမြဲ အလုပ်များနေစေဖို့ ကူညီပေးတဲ့ အပြင် ယုံကြည်မှုပါ တိုးတက်စေပါလိမ့်မယ်။

၄။ ကိုယ် ဝါသနာပါတာတွေ လုပ်ပါ

ကိုယ် ဝါသနာပါရာတွေကို လုပ်တာကလည်း အမြဲ အလုပ်များနေစေမယ့် နည်းလမ်းပါ။ ပန်းချီ ဆွဲရတာ ဝါသနာပါလား၊ သီချင်းဆိုရတာ ဝါသနာပါလား ကိုယ် ဝါသနာပါတာကို လုပ်နေတဲ့အခါ ပိုလည်း ပျော်လာပြီး အရင်ထက်လည်း တီထွင်နိုင်စွမ်း မြင့်လာပါလိမ့်မယ်။

၅။ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပါ

အမြဲမအားဖို့ အလုပ်လုပ်တာ အပြင် ကိုယ်ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့တာကလည်း နည်းလမ်းကောင်းပါပဲ။ သူတို့က သင့်ကို ပိုပျော်ရွှင်စေတဲ့အပြင် သူတို့အကြောင်းပါ ပိုသိလာဖို့ အချိန်ပေးသလိုပါပဲ။

၆။ အပန်းဖြေပါ

အလုပ်လုပ်နေမှ အလုပ်များတာ မဟုတ်ပါဘူး။ Single ကောင်မလေးတွေ အနေနဲ့ ကိုယ် စိတ်အပန်းပြေရာတွေ လုပ်တာကလည်း အလုပ်များခြင်းပါပဲ။ Spa သွားတာ၊ Nail Salon သွားတာ၊ အနားယူတာ စတာတွေက Independent lady တွေ အတွက်ပါ။

Photo source: Pinterest

By MyStyle Myanmar