[Zawgyi]

စနစ္တက်ပံုေဖာ္ဖန္တီးထားေသာ မ်က္ခံုးေမႊးမ်ားသည္ လူတစ္ဦးတစ္ေယာက္၏ မ်က္ႏွာပံုပန္းသ႑ာန္ႏွင့္ အက်င့္စရိုက္ကိုမီးေမာင္းထုိးျပေနပါတယ္။ ယေန႕အခ်ိန္မွာလည္း ထူထဲမဲနက္သည့္မ်က္ခံုးေမႊးမ်ားမွာ စတိုင္နယ္ပယ္ေလာကတြင္ ေရပန္းစားေနလ်က္ရွိပါတယ္။ လူတစ္ဦး၏မ်က္ႏွာေပၚတြင္ သတိအထားမိႏိုင္ဆံုးမွာ မ်က္ခံုးေမႊးမ်ားသာျဖစ္သည့္အတြက္ ပိုမိုထူထဲေလ ပိုမိုလွပသည့္အသြင္ကိုိ ရရွိႏိုင္မွာျဖစ္ပါတယ္။

သို႕ေသာ္လည္း စိတ္ကူးႏွင့္လက္ေတြ႕ တစ္ထပ္တည္းမက်ႏိုင္ေသာေႀကာင့္ ငယ္ရြယ္စဥ္ကတည္းက ပါးလႊာေသာမ်က္ခံုးေမႊးရွိသူမ်ား သဘာ၀က်က်ထူထဲနက္နဲလာေစႏိုင္ရန္အတြက္ နည္းလမ္းေကာင္းေလးမ်ားကို ျပန္လည္မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ ႀကက္ဆူဆီ

လက္ထိပ္ေလးမ်ားျဖင့္ ႀကက္ဆူဆီကို မ်က္ခံုးေမႊးမ်ားအတြင္းသို႕ လိမ္းျခယ္ေပးၿပီး နာရီ၀က္ခန္႕ထားရွိကာ မိတ္ကပ္ဖ်က္ေဆးႏွင့္သုတ္ၿပီးေနာက္ ေရေႏြးေႏြးေလးျဖင့္ မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။

၂။ အုန္းဆီ

ဂြမ္းဖတ္တစ္ခုကို ဆီအထဲသို႕ႏွစ္ကာ မ်က္ခံုးေမႊးအေပၚသို႕သုတ္လိမ္း၍ တစ္ညထားအိပ္ၿပီးသည့္ေနာက္မွာ မနက္မိုးလင္းမ်က္ႏွာသစ္သည္ႏွင့္ ေဆးေႀကာသန္႕စင္လိုက္ႏိုင္ပါတယ္။

၃။ သံလြင္ဆီ

သံလြင္ဆီတစ္စက္ကို လက္ထိပ္အေပၚသို႕ခ်ကာ မ်က္ခံုးေမႊးမ်ားအေပၚလိမ္းျခယ္ႏွိပ္နယ္ေပးၿပီး နာရီအနည္းငယ္မွ်ႀကာျမင့္ၿပီးေနာက္ ေရျဖင့္မ်က္ႏွာသစ္ေဆးႏိုင္ပါတယ္။

၄။ ႀကက္သြန္အရည္

ႀကက္သြန္ကိုအပိုင္းပိုင္းစိတ္ၿပီးေနာက္ က်ိတ္စက္ထဲထည့္က်ိတ္ကာ ရရွိလာသည့္အႏွစ္ကို စစ္ထုတ္လိုက္သည့္အခါ အရည္ကိုရရွိႏိုင္ပါတယ္။ ထုိ႕ေနာက္ မ်က္ခံုးေမႊးမ်ားအေပၚလိမ္းျခယ္၍ တစ္နာရီထားရွိၿပီး သံပုရာအရည္ထဲတြင္ႏွစ္ထားသည့္ ဂြမ္းလံုးျဖင့္ သုတ္ေပးႏိုင္ပါတယ္။

၅။ ႀကက္ဥအႏွစ္

ႀကက္ဥအႏွစ္ကို ပ်စ္ႏွစ္လာသည္အထိေခါက္ၿပီးေနာက္ စုတ္တံကိုအသံုးျပဳကာ မ်က္ခံုးေမႊးမ်ားအေပၚသုတ္လိမ္းေပးပါ။ မိနစ္၂၀ ခန္႕ထားၿပီးသည္ႏွင့္ ေရေႏြးေႏြးျဖင့္ေဆးေႀကာသန္႕စင္ေပးလုိ႕ရပါၿပီ။

၆။ ေရနံဂ်ယ္လီ

အမ်ားအျပားလိမ္းျခယ္သည့္အခါ ေခါင္းအံုးစြပ္မ်ားအေပၚ စြန္းထင္းသြားႏုိင္ေသာေႀကာင့္ ပမာဏအနည္းငယ္ကုိ မ်က္ခံုးေမႊးမ်ားအေပၚသုတ္လိမ္း၍ တစ္ညထားၿပီး မနက္ခင္းေရာက္သည္ႏွင့္ ႀကက္သီးေႏြးထရံုေရေႏြးျဖင့္သန္႕စင္ေပးႏိုင္ပါတယ္။

၇။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္အႏွစ္ကို ဇြန္းျဖင့္ခပ္ထုတ္၍ မ်က္ခံုးေမႊးမ်ားအတြင္းသို႕ စိမ့္၀င္သြားသည္အထိ ႏွိပ္နယ္ေပးႏိုင္ပါတယ္။

[Unicode]

စနစ်တကျပုံဖော်ဖန်တီးထားသော မျက်ခုံးမွှေးများသည် လူတစ်ဦးတစ်ယောက်၏ မျက်နှာပုံပန်းသဏ္ဍာန်နှင့် အကျင့်စရိုက်ကိုမီးမောင်းထိုးပြနေပါတယ်။ ယနေ့အချိန်မှာလည်း ထူထဲမဲနက်သည့်မျက်ခုံးမွှေးများမှာ စတိုင်နယ်ပယ်လောကတွင် ရေပန်းစားနေလျက်ရှိပါတယ်။ လူတစ်ဦး၏မျက်နှာပေါ်တွင် သတိအထားမိနိုင်ဆုံးမှာ မျက်ခုံးမွှေးများသာဖြစ်သည့်အတွက် ပိုမိုထူထဲလေ ပိုမိုလှပသည့်အသွင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

သို့သော်လည်း စိတ်ကူးနှင့်လက်တွေ့ တစ်ထပ်တည်းမကျနိုင်သောကြောင့် ငယ်ရွယ်စဉ်ကတည်းက ပါးလွှာသောမျက်ခုံးမွှေးရှိသူများ သဘာဝကျကျထူထဲနက်နဲလာစေနိုင်ရန်အတွက် နည်းလမ်းကောင်းလေးများကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ ကြက်ဆူဆီ

လက်ထိပ်လေးများဖြင့် ကြက်ဆူဆီကို မျက်ခုံးမွှေးများအတွင်းသို့ လိမ်းခြယ်ပေးပြီး နာရီဝက်ခန့်ထားရှိကာ မိတ်ကပ်ဖျက်ဆေးနှင့်သုတ်ပြီးနောက် ရေနွေးနွေးလေးဖြင့် မျက်နှာသစ်ပေးနိုင်ပါတယ်။

၂။ အုန်းဆီ

ဂွမ်းဖတ်တစ်ခုကို ဆီအထဲသို့နှစ်ကာ မျက်ခုံးမွှေးအပေါ်သို့သုတ်လိမ်း၍ တစ်ညထားအိပ်ပြီးသည့်နောက်မှာ မနက်မိုးလင်းမျက်နှာသစ်သည်နှင့် ဆေးကြောသန့်စင်လိုက်နိုင်ပါတယ်။

၃။ သံလွင်ဆီ

သံလွင်ဆီတစ်စက်ကို လက်ထိပ်အပေါ်သို့ချကာ မျက်ခုံးမွှေးများအပေါ်လိမ်းခြယ်နှိပ်နယ်ပေးပြီး နာရီအနည်းငယ်မျှကြာမြင့်ပြီးနောက် ရေဖြင့်မျက်နှာသစ်ဆေးနိုင်ပါတယ်။

၄။ ကြက်သွန်အရည်

ကြက်သွန်ကိုအပိုင်းပိုင်းစိတ်ပြီးနောက် ကျိတ်စက်ထဲထည့်ကျိတ်ကာ ရရှိလာသည့်အနှစ်ကို စစ်ထုတ်လိုက်သည့်အခါ အရည်ကိုရရှိနိုင်ပါတယ်။ ထို့နောက် မျက်ခုံးမွှေးများအပေါ်လိမ်းခြယ်၍ တစ်နာရီထားရှိပြီး သံပုရာအရည်ထဲတွင်နှစ်ထားသည့် ဂွမ်းလုံးဖြင့် သုတ်ပေးနိုင်ပါတယ်။

၅။ ကြက်ဥအနှစ်

ကြက်ဥအနှစ်ကို ပျစ်နှစ်လာသည်အထိခေါက်ပြီးနောက် စုတ်တံကိုအသုံးပြုကာ မျက်ခုံးမွှေးများအပေါ်သုတ်လိမ်းပေးပါ။ မိနစ်၂၀ ခန့်ထားပြီးသည်နှင့် ရေနွေးနွေးဖြင့်ဆေးကြောသန့်စင်ပေးလို့ရပါပြီ။

၆။ ရေနံဂျယ်လီ

အများအပြားလိမ်းခြယ်သည့်အခါ ခေါင်းအုံးစွပ်များအပေါ် စွန်းထင်းသွားနိုင်သောကြောင့် ပမာဏအနည်းငယ်ကို မျက်ခုံးမွှေးများအပေါ်သုတ်လိမ်း၍ တစ်ညထားပြီး မနက်ခင်းရောက်သည်နှင့် ကြက်သီးနွေးထရုံရေနွေးဖြင့်သန့်စင်ပေးနိုင်ပါတယ်။

၇။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းဖြင့်ခပ်ထုတ်၍ မျက်ခုံးမွှေးများအတွင်းသို့ စိမ့်ဝင်သွားသည်အထိ နှိပ်နယ်ပေးနိုင်ပါတယ်။