အချို့တွေက မွေးရာပါနှုတ်ခမ်းညိုတတ်တဲ့သူတွေရှိသလို နေလောင်ဒဏ်၊ ဆေးလိပ်သောက်ခြင်း၊ အစိုဓာတ်ခမ်းခြောက်ခြင်းနဲ့ ဓာတ်မတည့်မှုတွေကြောင့် တဖြည်းဖြည်းမဲလာတတ်တဲ့ သူတွေလည်းရှိပါတယ်။ နှုတ်ခမ်းမဲတာကိုပြန်လည်သက်သာချင်သူတွေအနေနဲ့ ကိုယ့်နှုတ်ခမ်းသား သဘာဝအတိုင်း ပြန်လည်စိုပြေလာဖို့ အိမ်မှာ အလွယ်တကူထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ နှုတ်ခမ်းမဲနေသူတွေအတွက် စိုပြေပြီး ပန်းရောင်သန်းတဲ့ နှုတ်ခမ်းသားပိုင်ဆိုင်ဖို့ ပြုလုပ်နိုင်တဲ့သဘာဝနည်းလမ်းတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အုန်းဆီ


အုန်းဆီမှာအစိုဓာတ်ရစေတဲ့ အာနိသင်များစွာပါဝင်တာကြောင့် နှုတ်ခမ်းခြောက်သွေ့ခြင်းကိုဖယ်ရှားပေးပြီး နူးညံ့စိုပြေစေပါတယ်။ ဒါကြောင့် အရောအနှောကင်းတဲ့ အုန်းဆီအစစ် အနည်းငယ်ကို သင့်နှုတ်ခမ်းပေါ် လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ်ပုံမှန်လိမ်းထားနိုင်ပါတယ်။

၂။ သံပရိုရည်နဲ့ ပျားရည်


သံပရိုရည်နဲ့ပျားရည် တစ်ဇွန်းစီကိုရောပြီး နှုတ်ခမ်းပေါ်မှာလိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်မှ မိနစ် ၂၀ အထိထားပြီးနောက်ပြန်လည်ရေဆေးပေးပါ။ ဒီနည်းက နှုတ်ခမ်းသားကို လင်းစေပြီး စိုပြေလာစေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သံပရိုရည်က အရေပြားစပ်တာ၊ အသားပါးတွေဖြစ်တတ်တာကြောင့် တစ်ပတ်မှာ နှစ်ခါထက်ပိုမပြုလုပ်ဖို့အကြံပြုချင်ပါတယ်။

၃။ Aloe Vera


Aloe Vera ကညိုမဲနေရာတွေကို အရောင်ကျစေပြီး ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ Aloe Gel ကိုသင့်နှုတ်ခမ်းမှာ ခပ်ပါးပါးလိမ်းပေးပြီး မိနစ်အနည်းငယ်အကြာမှာ ရေနဲ့ပြန်ပွတ်ပေးပါ။ တစ်နေ့နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

၄။ သခွားသီး


သခွားသီးမှာ အသားအရေကိုအေးမြစေပြီး အရေပြားညိုမဲခြင်းကိုသက်သာစေတဲ့ Antioxidant တွေပါဝင်ပါတယ်။ ခပ်သေးသေးတုံးထားတဲ့ သခွားသီးစိပ်အနည်းငယ်ကို အရည်ထွက်လာအောင် ကြိတ်ပေးပါ။ ရလာတဲ့ အရည်ကိုသင့်နှုတ်ခမ်းမှာ ၁၅မိနစ်၊ မိနစ် ၂၀ခန့်လိမ်းထားနိုင်ပါတယ်။ ဒီနည်းကိုလည်း တစ်နေ့နှစ်ကြိမ်ခန့်ပြုလုပ်ပေးဖို့လိုပါတယ်။

၅။ နနွင်းမှုန့်


နနွင်းမှုန့် တစ်ဇွန်းစာကိုရေအနည်းငယ်ရောပြီး အနှစ်ဖြစ်တဲ့အထိမွှေပေးပါ။ ပြီးနောက် သင့်နှုတ်ခမ်းမှာ ခပ်ပါးပါးလိမ်းပေးနိုင်ပါတယ်။ ခြောက်သွားတဲ့အခါ ရေနဲ့ပွတ်ဆေးပေးပါ။ နှုတ်ခမ်းသားကို ပြန်လည်တောက်ပစေပြီး နှုတ်ခမ်းမဲခြင်းကိုသက်သာစေနိုင်တာကြောင့် တစ်ပတ်သုံးကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်နော်။

၆။ နှမ်းဆီ


နှမ်းဆီကလည်း မဲနေတဲ့နှုတ်ခမ်းအရေပြားကို ပြန်လည်လင်းလာစေတာကြောင့် နှမ်းဆီအနည်းငယ်ကို နှုတ်ခမ်းမှာ တစ်နေ့နှစ်ကြိမ်အထိလိမ်းပေးနိုင်ပါတယ်။

၇။ သလဲသီး


သလဲသီးကလည်း အသားအရေကိုပိုလင်းလာစေတာကြောင့် သလဲသီးစေ့အချို့ကိုချေပြီး ရလာတဲ့အနှစ်ကို နှုတ်ခမ်းမှာခြောက်တဲ့အထိလိမ်းပေးထားပေးပါ။ ပြီးနောက်ရေနဲ့ပြန်လည်သန့်စင်ပေးရပါမယ်။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံ သလဲသီးက အရေပြားယားယံခြင်းတွေ ဖြစ်တတ်တာကြောင့် Sensitive Skin ရှိသူတွေအနေနဲ့ တည့်မတည့်စမ်းကြည့်ပြီးမှ အသုံးပြုသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar