အပူက သင့်ဆံကေသာကိုပျက်စီးစေတဲ့အကြောင်း သင်သိပြီးဖြစ်မှာပါ။ တကယ်လို့ သင်က အပူချောင်းကို ပဲသုံးပြီး ဆံပင်ခဏခဏ ကောက်နေရလို့ မသုံးချင်တော့ဘူး ဒါမှမဟုတ် အပူချောင်းမရှိလို့ သဘာဝအတိုင်း ကောက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို သုံးနိုင်ပါတယ်။
၁။ Sock Bun နည်းလမ်း
ခြေအိတ်အသစ်ကို အသုံးပြုပြီး ဆံပင်ကောက်နိုင်ပါတယ်။ ဒါကတော့ ဆံပင်ကို ခြေအိတ်အသစ်နဲ့ Donut ပုံစံလုပ်ပြီး ဆံထုံးထုံးရမှာပါ။ ဒါကို တစ်ည ထားအိပ်ပေးရပါမယ်။
၂။ ရိုးရိုးဆံထုံး
ဘဲလေး ကချေသည်တွေထုံးတဲ့ ဆံပင်ထုံးတဲ့ပုံစံမျိုး ထုံးပေးရပါမယ်။ ဒီအတိုင်း တစ်ညထားအိပ်တာ ဒါမှမဟုတ် နာရီအနည်းငယ်ကြာ ထုံးပေးရပါမယ်။ ပြန်ဖြေချလိုက်တဲ့အချိန် ဆံပင်ကောက်လျက်လေး မြင်ရပါလိမ့်မယ်။
၃။ ဆံပင်ကို လှိမ်ပေးပါ
သင်က ဆံထုံးနဲ့ အိပ်မပျော်ဘူးဆိုရင် ဆံပင်လှိမ်တဲ့နည်းလမ်းကို သုံးနိုင်ပါတယ်။ ဆံပင်ကိုပြန်လှိမ်ပြီး ယိုးဒယားကလစ် နဲ့ ထိန်းကာ ညအိပ်ပေးရပါမယ်။
၄။ ဘီးကုတ် နည်းလမ်း
ဘီးကုတ်ကို ခေါင်းပေါ်မှာ တပ်ပြီး ဆံပင်ကို ဘီးကုတ်ထဲ လိပ်တင်ပေးရပါမယ်။
၅။ ဆံပင်လိပ်
ဒါကတော့ ဟိုးအရင်တည်းက မိန်းကလေးတွေ သုံးလာတဲ့နည်းလမ်းပါ။ ဆံပင်လိပ်ကို သုံးပြီး ဆံပင်ကောက်ကောက်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။
၆။ ကျစ်ဆံမြီး
ဆံပင်ကို နှစ်ဘက် ကျစ်ဆံမြီးကျစ်ပြီး ညအိပ်ပေးရပါမယ်။ သင်နိုးလာလို့ ဆံပင်ဖြေလိုက်တဲ့အချိန် ကောက်နေတဲ့ ပုံစံလေး ပိုင်ဆိုင်ပါလိမ့်မယ်။
၇။ ဆံပင်ကို လိပ်ပြီးထိန်းပေးပါ
ဒါကတော့ အချိန်ယူရပေမယ့် ဆံပင်ကောက်သားကြီးကြီးကို ပိုင်ဆိုင်စေမှာပါ။ ဆံပင်ကို ခေါင်းပေါ်လိပ်တင်ပြီးတာနဲ့ ကလစ်နဲ့ပြန်ကပ်ပေးရပါမယ်။
Source: Allwomens’talk
By MyStyle Myanmar