လူတိုင်းမှာ စိတ်ဓာတ်ကျတဲ့ရက်တွေ၊ ကံဆိုးတဲ့ရက်တွေရှိပါတယ်။ ဘယ်သူမှတော့ စိတ်မညစ်ချင်ကြပါဘူး။ လူတိုင်း နေ့စဉ်ပျော်ချင်ကြပါတယ်။ သင်က လက်ရှိကံဆိုးမှုတွေနဲ့ တွေ့နေရတယ်၊ တစ်ခုမှ အဆင်မပြေဘူးလို့ ခံစားနေရရင် ဒီအရာတွေကို လုပ်ကြည့်ပါ။ အပြည့်အဝစိတ်ညစ်တာ မပျောက်ရင်တောင် ပိုပျော်လာပါလိမ့်မယ်။

၁။ ဒေါက်မြင့်ဖိနပ်စီးပါ

ဒါကတော့ မိန်းကလေးတွေအတွက်ပါ။ ဒေါက်မြင့်ဖိနပ်စီးလိုက်တာက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေသလို ပိုလှသွားတယ်လို့ ခံစားရစေပါတယ်။

၂။ ရေခဲမုန့်စားပါ


ရေခဲမုန့်တွေ စားချင်သလောက်စားပစ်ပါ။

၃။ သူစိမ်းတစ်ယောက်ကို ပြုံးပြပါ

ပြုံးပြုံးလေးနေတာက မျက်နှာမဲ့နေတာထက်တော့ ပိုလှပြီး ပိုသာပါတယ်။ သူစိမ်းတစ်ယောက်ကိုပြုံးပြပါ။ သင့်ရဲ့အပြုံးကြောင့် အခြားသူတွေ ပျော်သွားနိုင်ပါတယ်။

၄။ အိပ်ပေးပါ

နေ့လည် ပင်ပန်းတဲ့အချိန် ခဏလောက် အိပ်ပေးပါ။ တချို့တွေက အိပ်စက်ခြင်းက အချိန်ကုန်စေတဲ့အရာလို့ ယူဆထားကြပါတယ်။ဒီလိုမတွေးဘဲ တရေးတမော အိပ်လိုက်ပါ။

၅။ လက်သည်းနီဆိုးပါ

ဘာမှမစဉ်းစားဘဲ ကိုယ်နှစ်သက်တဲ့အရောင်တွေကို လက်သည်းထက် တင်လိုက်ပါ။

၆။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တဲ့ အချိန် ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဘာမှမတွေးဘဲ လေ့ကျင့်ခန်းဖိလုပ်လိုက်ပါ။

၇။ ပွေ့ဖက်ပါ

အဆင်မပြေတဲ့ရက်တွေ သင်အချစ်ရဆုံးလူတစ်ယောက်ကို ပွေ့ဖက်ပါ။ သင်အားအင်တွေ ပြန််ရလာပါလိမ့်မယ်။

သင့်အနေနဲ့ ကံဆိုးတဲ့ရက်တွေမှာ ဘယ်လိုအရာတွေလုပ်လေ့ရှိလဲ Comment ပေးခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar