ကောက်ထားတဲ့ဆံသားက ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေ ပိုပြီးတော့ ဖြစ်လွယ်ပါတယ်။ စိတ်ရှည်ရှည်ထားပြီးမရှင်းရင် ဆံသားနာပြီး ကျွတ်တာတွေ ဖြစ်မှာပါ။ ဒါကြောင့် ကောက်ထားတဲ့ဆံသားကို နာကျင်မှုမရှိပဲ သေချာရှင်းနိုင်မယ့် နည်းလမ်း ၇ ခု မျှဝေပေးလိုက်ပါတယ်။

Conditioner သုံးပါ

Conditioner သုံးပေးတာက ဆံသားပိုမိုကောင်းမွန်လာစေပြီး ဆံသားပျော့ပျောင်းနူးညံ့စေပါတယ်။ ဒါကြောင့် ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေဖြစ်တာလည်း သက်သာစေပါတယ်။ Conditioner သုံးတဲ့အခါမှာ ဦးရေပြားနဲ့ အနည်းဆုံး တစ်လက်မအကွာကနေ စသုံးပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။

Detangling Spray သုံးပါ

Detangling Spray သုံးပြီးတော့ ဆံပင်ရှင်းရင်လည်း ရှင်းရလွယ်ပါတယ်။ ဒါကြောင့် ဆံပင်ငြိတတ်ရင် ဆောင်ထားသင့်ပါတယ်။

Spray Water သုံးပါ

အလွယ်လုပ်ချင်ရင်တော့ Spray ဘူးထဲကို ရေထည့်ပြီး ဆံပင်ကိုဖြန်းလိုက်၊ ဖြီးလိုက်နဲ့လုပ်ပေးပါ။ ညင်သာစွာဖြီးပေးပါ။ ဒါဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ နာကျင်မှုမရှိပဲ ဆံပင်ရှုပ်ထွေးတာကို ရှင်းနိုင်ပါတယ်။

ဘီးကြဲသုံးပါ

ကောက်ထားတဲ့ဆံသားက ဘီးကြဲပဲသုံးပါ။ ဘီးကြဲနဲ့ဆံပင်ကို ဖြေးဖြေးချင်းစီရှင်းပြီးတော့ ဖြီးပေးနိုင်ပါတယ်။

လက်ချောင်းနဲ့ရှင်းပါ

လက်ချောင်းလေးနဲ့ ဖြေးဖြေးချင်းစီ Section ခွဲပြီး ရှင်းလိုက်ပါ။ ပြီးတော့မှ ဘီးနဲ့သေချာရှင်းပါ။ ဒီလိုလုပ်တာလည်း ဆံသားနာတာ သက်သာစေပါတယ်။

Hair Mask သုံးပါ

ဆံသားခြောက်သွေ့ရင် ငြိတာ၊ ရှုပ်ထွေးတာတွေက ပုံမှန်ထက်ကို ပိုပြီးတော့ဖြစ်စေပါတယ်။ ဒါကြောင့် ဆံသားအတွက် Moisture အပြည့်အဝရအောင် Hair Mask သုံးပေးပါ။ တစ်ပတ်တစ်ကြိမ် ပုံမှန်သုံးပေးရင် ရပါတယ်။

Oil Message လုပ်ပါ

ဦးရေပြားနဲ့ဆံသားကို Oil Massage လုပ်ပေးခြင်းက ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဦးရေပြားနဲ့ဆံသား ခြောက်သွေ့တာ သက်သာစေတယ်၊ Healthy ဖြစ်စေပါတယ်။ ဒါကြောင့် ဆံသားငြိတာ၊ ရှုပ်ထွေးတာတွေ သက်သာစေပြီး ရှင်းရလည်း လွယ်ကူလာစေပါတယ်။