တခြားသူအပေါ် မကောင်းခင် ကိုယ့်အပေါ် ကိုယ် အရင်ကောင်းဖို့ လိုအပ်ပါတယ်။ သင်က သင့်ကိုယ်သင် ကြင်နာမှု ရှိရင် တခြားသူအပေါ်လည်း အရင်ထက် ပိုကြင်နာမှု ရှိလာနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်ထက်ပိုတော်တဲ့၊ ပိုစိတ်ထားကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ပြုလုပ်နိုင်တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ကိုယ်သင် ကြင်နာပါ

အပေါ်မှာ ပြောထားသလိုပဲ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ သင့်ကိုယ်သင် အရင် ကြင်နာပြီး ဂရုစိုက်သင့်ပါတယ်။ သင့်အတွက် သင့်တော်မယ့်အရာတွေကို ဦးစားပေးလုပ်တာ၊ သင့်ကိုယ်သင် အမြဲ အားပေးတာ၊ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိအောင် ကြိုးစားတာ စတာတွေက သင့်ကိုယ်သင် ကြင်နာတာပါပဲ။

၂။ လူတွေကို မကျဉ်ပါနဲ့

သင့်မှာ သူငယ်ချင်းအုပ်စုလိုက် ရှိရင် ဒါမှမဟုတ် သင်က အဖွဲ့တစ်ဖွဲ့ ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ရင် ဘယ်သူ့ကိုမှ အမြင်မတူလို့၊ သင်ကြည့်မရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ မကျဉ်သင့်ပါဘူး။ စိတ်ထားကောင်းတဲ့ သူတစ်ယောက်က လူအားလုံးကို ညီတူညီမျှ ဆက်ဆံဖို့ ကြိုးစားတတ်ပါတယ်။

၃။ လူတွေကို နာကျင်စေမယ့် စကားတွေ မပြောပါနဲ့

သင်က ဘယ်လောက်ပဲ ဒေါသထွက်ပါစေ တခြားသူတွေ အထိနာစေမယ့် စကားမျိုးကို မပြောသင့်ပါဘူး။ နူးညံ့ပြီး မကြမ်းတမ်းတဲ့ စကားလုံးမျိုးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒီလို အပြုအမူက သင့်ကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။

၄။ သင့်အပြုံးနဲ့ တခြားသူတွေကို ပျော်ရွှင်အောင်လုပ်ပါ

အများစုက တခြားသူတွေနဲ့ တွေ့ရင် စပြီး မနှုတ်ဆက်တတ်ပါဘူး။ ဒီလိုမလုပ်ဘဲ သင့်ဘက်က စနှုတ်ဆက်လိုက်တာက နှစ်ဦးနှစ်ဘက် ပိုစိတ်ချမ်းသာစေတာကို တွေ့လာရပါလိမ့်မယ်။ သူ့ဘက်က ပြန်မနှုတ်ဆက်ခဲ့သည် ရှိသော် သင့်ဘက်က အပြုံးလေးနဲ့ စတင်တာကြောင့် သင်ရှုံးသွားတယ်လို့ မဆိုလိုပါဘူး။

၅။ လူတွေကို ညီတူမျှတူ ဆက်ဆံပြီး ကူညီပါ

တခြားသူတွေကို ကူညီပေးတာက သင့်ကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်အောင် ပံ့ပိုးပေးပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ လူတိုင်းကို ဘက်မလိုက်ဘဲ ညီတူညီမျှ ဆက်ဆံသင့်ပါတယ်။

၆။ စောင့်ပါ

သင်က လူတစ်ယောက်နဲ့ တွဲပြီး လမ်းလျှောက်တဲ့အချိန် သူတို့က နောက်မှာ ကျန်ခဲ့တယ်ဆိုရင် နောက်ကို ပြန်လှည့်ကြည့်ပြီး စောင့်ပေးပါ။ စောင့်ဆိုင်းခြင်းက သင့်ကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၇။ ချီးကျူးပေးပါ

တခြားသူတွေရဲ့ ထူးခြားမှုကို သင်က ဂရုပြုမိပြီး ချီးကျူးတာကလည်း သင့်ကို လူကောင်းတစ်ယောက်အဖြစ် ဦးတည်စေပါတယ်။ ဒါ့အပြင် ဘယ်ကိစ္စပဲဖြစ်ဖြစ် သင့်ကိုယ်သင် ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar