“Dangerous Woman” ဆိုတဲ့ စကားလုံးကို သင်ကြားဖူးမှာပါ။ သူ့ရဲ့ အဓိပ္ပာယ်က “Bad Boy” ကိုမှ မိန်းကလေး Version ဖြစ်ပါတယ်။ ထက်မြက်တဲ့ မိန်းကလေး၊ ကိုယ်လိုချင်တဲ့ အရာ၊ ကိုယ်လိုချင်တဲ့သူကို ရအောင် ယူတတ်တဲ့ မိန်းကလေးတစ်ယောက်လို့ ဆိုရပါမယ်။ ဒါ့အပြင် ယောကျာ်းလေးတွေကပါ ရှိန်ရတဲ့အထိ ထက်မြက်တဲ့ မိန်းကလေး တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က ဒီလို Dangerous Woman တစ်ယောက်ကို သဘောကျပြီဆိုရင်တော့ ခေါင်းထဲက ထုတ်မရတဲ့အထိ စွဲလန်းသွားပါလိမ့်မယ်။ ဒီတော့ ဒီလို မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ လေ့ကျင့်ခန်းလုပ်ပါ

သင့်ခန္ဓာကိုယ်က သန်မာပြီး ကျန်းမာနေမယ်ဆိုရင် သင့်စိတ်ကပါ ပိုသန်မာကြံ့ခိုင်လာပါလိမ့်မယ်။ သင်က အမြဲ ကျန်းမာကာ စိတ်ဓာတ် သန်မာ နေမယ်ဆိုရင် စိတ်ဖိစီးမှုကို ပိုရင်ဆိုင်နိုင်လာပါလိမ့်မယ်။

၂။ ကိုယ်ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်ပါ

လူတွေက အပြောတစ်မျိုး အလုပ်တစ်မျိုး လူတွေကို လေးစားမှု မရှိကြပါဘူး။ သင်က သင့်စကားအတိုင်းသာ တည်အောင် လုပ်ပြမယ်ဆိုရင် လူတွေက သင့်ကို လျှော့တွက်ဝံ့မှာ မဟုတ်ပါဘူး။

၃။ တခြားလူတွေ ပြောတာကို ဂရုမစိုက်ပါနဲ့

သူတို့က သင့်ဘဝကို မသိသလို၊ သင့်နေရာ ဝင်မခံစားနိုင်တာမို့ ဘယ်သူပဲဖြစ်ဖြစ် သင့်ကို အပြည့်အဝ မှန်မှန်ကန်ကန် မဝေဖန်နိုင်ပါဘူး။ သင်က လူတွေပြောတာကို သိပ်ဂရုမစိုက်ရင် လူတွေက သင့်ကို ပေါ့သေးသေးတွေးမှာ မဟုတ်ပါဘူး။

၄။ ကိုယ့်တုံ့ပြန်မှုကို ထိန်းချုပ်ပါ

သင်က လူတွေရဲ့ စကားလုံးတွေအလိုက် ခံစားချက် အမျိုးမျိုးပြောင်းပြီး ပြုမူတတ်တယ်ဆိုရင် ဒါကို ထိန်းချုပ်သင့်ပါတယ်။ သင့် မျက်နှာပေါ်က အမူအရာက လူတစ်ယောက်ကြောင့် ပြောင်းလဲသွားရင် သင့်ရဲ့ ပါဝါကို သူ့ဆီပေးလိုက်ခြင်းပါပဲ။ ဒါကြောင့် မျက်နှာအမူအရာကို ထိန်းချုပ်သင့်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ

ဗဟုသုတနဲ့ ကျွမ်းကျင်မှုက ပေါင်းစပ်လိုက်တဲ့အခါ ခွန်အား၊ အာဏာ ဖြစ်လာနိုင်ပါတယ်။ သင်က တစ်နေ့တခြား ပိုတော်အောင် ကြိုးစားနေရင် ဘယ်သူမှ သင့်ကို ပြိုင်နိုင်မှာ မဟုတ်ပါဘူး။

၆။ တခြားသူတွေနဲ့ လိုက်မပြိုင်ပါနဲ့

လူတိုင်းနဲ့ လိုက်ပြိုင်နေမယ်ဆိုရင် သူကျွမ်းကျင်တဲ့ Field မှာတော့ သင့်ထက် သာနေမှာပါပဲ။ မနေ့က သင်ထက် ဒီနေ့သင်က ပိုကောင်းအောင်ပဲ လိုက်ပြိုင်သင့်ပါတယ်။

၇။ အနာဂတ်တစ်ခုကို တည်ဆောက်ပါ

အန္တရာယ်များတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ သူများတွေ ဘာမဟုတ်တဲ့ အတင်းအဖျင်းတွေ ပြောနေတဲ့အချိန် သင်ကတော့ ကြိုးစားနေသင့်ပြီး ကိုယ့်အတွက် အရေးပါတဲ့ အရာတွေပေါ် အာရုံစိုက်နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar