မင်္ဂလာပါ… ပျိုမဒီတို့ရေ… အခုဆို ရာသီဥတုက အရမ်းကိုပူနေတာပါ။ ပူလွန်းတဲ့နွေရာသီမှာ အသားအရေကို ရေဓာတ်ထိန်းသိမ်းဖို့ ၊ ကာကွယ်ဖို့က အရေးကြီးပါတယ်။ ပူပြင်းပြီး ကြမ်းတမ်းလေ့ရှိတဲ့ နွေရာသီမှာ အသားအရေကို ချောမွေ့စေပြီး အာဟာရဖြစ်စေဖို့အတွက် ရှားစောင်းလက်ပတ်ကို သုံးကြည့်ပါ။ ရှားစောင်းလက်ပတ်ရဲ့ သဘာဝဂုဏ်သတ္တိတွေက နွေရာသီမှာ အသားအရေကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။

Moisturiser

ရှားစောင်းလက်ပတ် က ပူလွန်းတဲ့နွေရာသီမှာ အသားအရေကို ရေဓာတ်ထိန်းပေးနိုင်တဲ့ အကောင်းဆုံး သဘာဝအစိုဓာတ်ထိန်းဆေးပါ။ Sunscreen ဒါမှမဟုတ်  Makeup မလိမ်းခင်မှာ ရှားစောင်းလက်ပတ်ကို ပါးပါးလေးလိမ်းပေးပါ။

Cooling Agent

နွေရာသီမှာ အရေပြားယားယံတာတွေ အဖြစ်များတတ်ကြပါတယ်။ ဒီလိုဖြစ်လာရင် ​​ရှားစောင်းလက်ပတ်ဂျယ်လ်ကို လိမ်းပေးပါ။ ရှားစောင်းလက်ပတ်က အရေပြားကို နုပျိုစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

Face Mask

နွေရာသီမှာ ရှားစောင်းလက်ပတ်ကို Face Mask အနေနဲ့သုံးကြည့်ပါ။ သုံးတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပျားရည်နဲ့  သံပုရာရည်တစ်ဇွန်း ရောမွှေပါ။ မျက်နှာပေါ် လိမ်းပြီး 15-20 မိနစ်လောက်ထားပြီး ရေနဲ့ဆေးချလိုက်ပါ။ မျက်နှာအသားအရေရဲ့ အသားအရောင်ကို မြှင့်တင်ပေးပြီး ဝက်ခြံထွက်တာကို လျှော့ချပေးနိုင်ပါတယ်။

Toner

ရှားစောင်းလက်ပတ်ကို ရေနဲ့ရောပြီး ဂွမ်းစနဲ့ မျက်နှာပေါ်မှာ လိမ်းပေးပါ။ ရှားစောင်းလက်ပတ်ကို Toner အနေနဲ့သုံးတာက အသားအရေရဲ့ H အဆင့်ကို ထိန်းညှိပေးနိုင်ပါတယ်။

Eye Cream

ရှားစောင်းလက်ပတ်ကို Eye Cream အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အိပ်ယာမဝင်ခင် မျက်လုံးအောက်မှာ ရှားစောင်းလက်ပတ်ဂျယ်လ်ကို လိမ်းပေးပါ။

Body Lotion

နွေရာသီမှာ အသားအရေကို နူးညံ့ချောမွေ့စေဖို့အတွက်  ရှားစောင်းလက်ပတ်ဂျယ်လ်ကို Body Lotion အနေနဲ့လည်း သုံးလို့ရပါသေးတယ်။ ရေချိုးပြီးတိုင်း ရှားစောင်းလက်ပတ်ဂျယ်လ်ကို များများလေး လိမ်းပေးပါ။

Lip Balm

ရှားစောင်းလက်ပတ်ကို Lip Balm အနေနဲ့လိမ်းပေးရင် နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးသလို နေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။