အားလုံးပဲ မင်္ဂလာပါ၊ သင့်နှုတ်ခမ်းက သင့်အလှအပကိုသာမက ကျန်းမာရေးကိုလည်း ထင်ဟပ်စေပါတယ်။ ဆောင်းတွင်းလည်း နီးလာပြီဆိုတော့ နှုတ်ခမ်းခြောက်တာတွေ နှုတ်ခမ်းကွဲတာတွေတာဖြစ်လာတော့မှာမို့ အလှမပျက်အောင် ကြိုတင်သတိထားဖို့လိုပြီနော်။

ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းက သင့်ကို ဆွဲဆောင်မှု လျော့ကျစေတာကြောင့် နှုတ်ခမ်းသားလေးတွေ မကွဲအက် မခြောက်သွေ့ဘဲ သဘာဝအတိုင်း နူးညံ့စိုပြေနေစေမယ့် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ဆက်ဖတ်ကြည့်လိုက်ကြရအောင်။

နှုတ်ခမ်းလေးကို တစ်ပတ်တစ်ခါ ကြေးချွတ်ပါ

Photo Source:  www.latestinbeauty.com

သကြားနဲ့ ပျားရည်ရောပြီး နှုတ်ခမ်းကို ပွတ်တိုက်ပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ ဒီလို ကြေးချွတ်ပြီး ပွတ်တိုက်တာကို တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုမလုပ်မိပါစေနဲ့။

အစိုဓာတ်ပါတဲ့ နှုတ်ခမ်းနီ အသုံးပြုပါ

မိတ်ကပ်မဖျက်၊ နှုတ်ခမ်းနီမဖျက်ဘဲ အိပ်ရာမဝင်သင့်ဘူးဆိုတာ ပျိုမေတို့ သိပြီးသားဖြစ်မှာပါ။ နှုတ်ခမ်းနီဖျက်ပြီးသွားတဲ့အခါမှာလည်း နှုတ်ခမ်းသားလေးနူးညံ့နေအောင်လို့ အိပ်ရာမဝင်ခင်မှာ Moisturizer လိမ်းပေးပါ။ ဒါမှ နှုတ်ခမ်းက တစ်ညလုံးအစိုဓာတ်ထိန်းထားနိုင်အောင်ပါ။

ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် နှုတ်ခမ်းခြောက်နိုင်တာမို့လို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်သုံးပေးပါ။

အာဟာရမျှတအောင်စားပါ

ဗီတာမင်ဘီ ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ အဆီထုတ်ထားတဲ့ နွားနို့၊ ဆွစ်ဇာလန် ဒိန်ခဲ၊ အနီရောင်ရှိတဲ့ အသားများက အသားအရေကို အစိုဓာတ်ပြည့်ဝအောင် ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပျက်စီးသွားတဲ့ အရေပြားတစ်သျှူးကို ပြန်လည်ပြုပြင်ပေးပါတယ်။ အရေးအကြောင်းတွေရန်မှ ကာကွယ်ဖို့အတွက်ဆိုရင်တော့ ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ မြေပဲအမျိုးမျိုး စတဲ့ ဗီတာမင် အီး ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းက နှုတ်ခမ်းခြောက်စေတဲ့အပြင် နှုတ်ခမ်းကို ညှိမဲစွဲအောင် ပြုလုပ်နေပါတယ်။

နှုတ်ခမ်းကို လျှာဖြင့် လျက်ခြင်း

နှုတ်ခမ်းကို လျှာနဲ့ လျက်တာ၊ နှုတ်ခမ်းကိုက်တာ၊ နှုတ်ခမ်းခွာတဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်လိုက်ဖို့ အကြံပြုပါရစေ။

Lip Balm ဆိုးပါ

Lip Balm အသုံးပြုခြင်းအပြင် ဗီတာမင် အီး လိမ်းပေးခြင်း၊ ဂလစ်စရင်းအလှဆီ၊ အုန်းဆီ၊ ဂျိုဂျိုးပါးဆီ စတဲ့ သဘာဝအဆီတွေ လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ပါသေးတယ်။