Vaseline ဘူးက ဈေးသက်သာတဲ့အပြင် သင့် အလှအပအတွက် အကျိုးပြုတယ်ဆိုပြီး စာတွေ၊ အကြောင်းအရာတွေကို သင်ဖတ်ဖူးမှာပါ။ ဒါပေမဲ့ Vaseline က အဆီများတာကြောင့် ချွေးပေါက်ပိတ်တာတွေ ဖြစ်နိုင်ပြီး တချို့နည်းလမ်းတွေက အသားအရေအတွက် မသင့်တော်တာတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Vaseline ကို တကယ် စမ်းသပ်ကြည့်ပြီးမှ တကယ် အသုံးဝင်မယ့် အလှအပနည်းလမ်းတွေကို ဖော်ပြပါရစေ။
၁။ နှုတ်ခမ်း အရေးအကြောင်းတွေကို ဖယ်ပေးတယ်
အသက်အရွယ် ရလာတဲ့အခါ နှုတ်ခမ်းအပေါ်ဘက်မှာ ပေါ်လာတတ်တဲ့ Lip Lines တွေကို Vaseline က ဖယ်ရှားပေးနိုင်ပါတယ်။ Vaseline ပမာဏ ခပ်များများကို ဂွမ်းချောင်းနဲ့ ယူကာ နှုတ်ခမ်းပေါ် လိမ်းပေးရပါမယ်။ ဒီလို လိမ်းတာကို ညဘက် အိပ်ခါနီး လုပ်နိုင်ပြီး မနက်နိုးရင် အဝတ်စနဲ့ သုတ်ပစ်နိုင်ပါတယ်။ ဒီနည်းလမ်းက နှုတ်ခမ်းကို စိုပြေစေကာ တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။
၂။ Blackhead ဖယ်ရှားဖို့
Photo source: Insider
နှာခေါင်းပေါ်မှာ ဖြစ်တတ်တဲ့ Blackhead တွေကို Vaseline က ဖယ်ပေးပါတယ်။ Vaseline ကို ယူကာ နှာခေါင်းပေါ် လိမ်းပေးရပါမယ်။ ပြီးနောက် ပလတ်စတစ် အကြည်အပါးနဲ့ နှာခေါင်းပေါ် အုပ်ပေးရပါမယ်။ မိနစ် ၂၀ ဒီအတိုင်း ထားပြီးနောက် ပလတ်စတစ် အကြည်ကို ဖယ်ကာ Cotton Swab နဲ့ Blackhead တွေကို ဖယ်နိုင်ပါပြီ။
၃။ ရေမွှေးအနံ့စွဲဖို့
Photo Source: FM104
Vaseline ကို လက်ကောက်ဝတ်ပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ လိမ်းပြီးနောက် ရေမွှေးဖြန်းပေးရပါမယ်။ ဒီလို ဖြန်းပေးမယ်ဆိုရင် ရေမွှေးနံ့ ပိုမွှေးကာ အနံ့စွဲပါလိမ့်မယ်။
၄။ ရေဓာတ်ဖြည့်ပေးတဲ့ Mask
Vaseline ကို မျက်နှာပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် တစ်ရှူးနဲ့ လိမ်းတဲ့နေရာပေါ် အုပ်ပေးရပါမယ်။ ၁၅ မိနစ် ထားပေးရပါမယ်။ ဒါဆိုရင်တော့ သင့်မျက်နှာလေး ရေဓာတ်ပြည့်သွားပါလိမ့်မယ်။ သေချာ ပြန်မျက်နှာသစ်ပေးဖို့တော့ လိုပါမယ်။
၅။ လည်ပင်းပေါ်က အရေးအကြောင်းတွေကို ဖယ်ဖို့
ရေနွေးနွေးလေး စိမ်ထားတဲ့ သဘက်ကို လည်ပင်းပေါ် ၂ မိနစ်ကနေ ၃ မိနစ်ကြာ တင်ပေးရပါမယ်။ ပြီးနောက် Vaseline ကို လည်ပင်းပေါ် လိမ်းပေးရပါမယ်။ ဒီလို လိမ်းတဲ့အခါ အပေါ်ဘက် ပင့်တင်ကာ လိမ်းပေးရပါမယ်။ ပလတ်စတစ် အကြည်ကို ယူကာ လည်ပင်းပေါ် အုပ်ပေးရပါမယ်။ ၅ မိနစ်ထားရပါမယ်။ သင့်လည်ပင်း အရင်ထက် အသားအရေ ချောမွေ့လာတာကို သတိထားမိပါလိမ့်မယ်။ တစ်ပတ်မှာ ၃ ကြိမ်လောက် လုပ်နိုင်ပါတယ်။
၆။ မျက်တောင်တု ဖယ်ရှားဖို့
Photo Source: Makeup Muddle
သင်က မျက်တောင်တု တပ်တဲ့နေ့တွေမှာ Cotton Swab နဲ့ Vaseline ကို သုံးကာ မျက်တောင်နဲ့ အသားကြား လိမ်းနိုင်ပါတယ်။ ပြီးရင်တော့ မျက်တောင်တုကို မနာမကျင် ဖယ်ရှားနိုင်ပါပြီ။
၇။ ဆံပင်အဖျားခြောက်သွေ့တာကို စိုပြေစေဖို့
Photo Source: Vinmec
သင်က ဆံပင်အဖျား ခြောက်သွေ့ပြီး ကြမ်းတမ်းတယ် ခံစားနေရရင် Vaseline ကို ဆံပင်အဖျားပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar