ခဏခဏ ခေါင်းကိုက်တတ်တာမျိုး၊ စိတ်မကြည်မလင်ဖြစ်ပြီး ခေါင်းကိုက်တာမျိုး ဖြစ်တတ်တဲ့သူတွေအတွက် ခေါင်းကိုက်တာ သက်သာစေဖို့ ကူညီပေးမယ့် ယောဂကျင့်စဉ် ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အမြဲတမ်း အကိုက်အခဲပျောက်ဆေးတွေပဲ သောက်နေတာမျိုးမလုပ်ပဲ တစ်ခါတစ်လေကျရင်လည်း ကျန်းမာရေးပိုကောင်းအောင် ယောဂကျင့်ပေးသင့်ပါတယ်။

Leg up the wall pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း နံရံမှာ ခြေထောက်နှစ်ချောင်းကို မြှောက်ပြီး ကပ်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက် ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Thunderbolt pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ထိုင်ရမှာပါ။ ထိုင်တဲ့အခါမှာ ဖနောင့်က တင်ပါးနဲ့ထိနေရပါမယ်။ ခါးကိုမတ်ထားရပါမယ်။ အဲ့အတိုင်းထိုင်ပြီး ခုနကလိုပဲ အသက်ရှူသွင်းရှူထုတ်ကို ဖြေးဖြေးချင်းစီ လုပ်ပေးသွားရမှာပါ။ စက္ကန့် ၃၀ – ၆၀ လောက် လုပ်ပေးပါ။

Garland Pose

ဆောင့်ကြောင့်ထိုင်တဲ့ အနေအထားမျိုးနဲ့ ထိုင်ပြီးတော့ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ကာ စက္ကန့် ၃၀ နေပေးရမှာပါ။ ခြေချောင်းတွေက အပြင်ဘက်ကို လှည့်ထားတဲ့ အနေအထားမျိုး ဖြစ်နေရပါမယ်။

Child’s pose

Child’s pose အနေအထားနဲ့ အနည်းဆုံး စက္ကန့် ၃၀ နေပေးပြီး အသက်ကို ရှိုက်ပြီးရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Bridge pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ ကိုယ်အဆင်ပြေသလောက် နေပေးပြီး အပေါ်ကဟာတွေလိုပဲ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးနေရမှာ ဖြစ်ပါတယ်။

Kneeling backbend

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်က ခြေဖနောင့်ကိုကိုင်ထားပြီး အသက်ကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ်လုပ်ပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးရင် ရပါပြီ။

Humming bee breath

 

ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှိုက်ရှူလိုက်၊ ပြန်ရှူထုတ်လိုက်နဲ့ ၁ မိနစ်လောက် လုပ်ပေးပါ။