မင်္ဂလာပါနော်။ ခေတ်နဲ့ညီတဲ့ ဖိနပ်ဒီဇိုင်းလေးတွေနဲ့ ဘယ်တော့မှမရိုးသွားမယ့် ဖိနပ်ပုံစံလေးတွေကို လိုအပ်တဲ့အချိန်တိုင်း ထုတ်စီးဖို့ ဝယ်ထားချင်တဲ့ပျိုမေတို့အတွက် ရာသီမရွေးအသုံးဝင်စေမယ့် ဖိနပ်လေးတွေအကြောင်းကိုမျှဝေပေးချင်ပါတယ်။ ဖော်ပြပေးမယ့် ဖိနပ်အချို့ကို ပိုင်ဆိုင်ထားမယ်ဆိုရင် သင့်အတွက် ထသွားထလာကနေ ရုံးတက်ပွဲတက်အထိ အဆင်ပြေစေမယ့်အပြင် မလိုအပ်ဘဲ ပုံစံတူဖိနပ်တွေ ဝယ်မိတာမျိုး မဖြစ်အောင်လည်း ကူညီပေးပါလိမ့်မယ်။
ဒီတော့ ရှိထားသင့်တဲ့ဖိနပ်လေးတွေကို ကြည့်လိုက်ရအောင်-

၁။ Basic Black Flats

ဒီလို ဒေါက်မပါတဲ့ အပိတ်ဖိနပ်အပြားလေးတွေက ထသွားထလာအတွက်လည်း ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဝတ်လိုက်တိုင်းမှာ စမတ်ကျနေမယ့်ပုံစံလေးဖြစ်ပါတယ်။ အရပ်ရှည်တဲ့သူတွေအတွက်လည်း အဆင်ပြေစေမယ့်အပြင် Basic Flats အမဲရောင်လေးရွေးပြီး ဝယ်ထားလိုက်တာနဲ့ သင့်ရဲ့ Outfits အရောင်တိုင်းနဲ့ လိုက်ဖက်နေတာကိုတွေ့ရမှာပါ။

၂။ Nude Kitty Heels

ဒေါက်အပုဖိနပ်ကိုမှ Nude အရောင်လေးတွေဝတ်တာကလည်း သင့်ခြေထောက်ကိုအသားဆောင်စေပြီး ရိုးရိုးရှင်းရှင်းနဲ့လှနေစေတာကြောင့် ရုံးသွားရုံးတက်အပြင် ပွဲသွားပွဲလာတွေအတွက်ပါလိုက်ဖက်စေပါတယ်။ ဒေါက်အရမ်းမြင့်တာမကြိုက်တဲ့သူတွေနဲ့လည်းအဆင်ပြေပြီး မိန်းကလေးဆန်တဲ့ပုံစံလေးကိုရရှိစေမှာပါ။

၃။ Wedges Heels

အရပ်ပုပုလေးနဲ့ချစ်စရာကောင်းပြီး ဒေါက်စီးရတာကြိုက်တဲ့သူတွေနဲ့ အရမ်းအဆင်ပြေတဲ့ပုံစံလေးဖြစ်ပါတယ်။ တစ်ပြေးညီဒေါက်အမြင့်ဖြစ်တာကြောင့် အချွန်ဒေါက်နဲ့နေသားမကျတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

၄။ Open-Toe Flats

ကွင်းစွတ်ဖိနပ်မထူမပါးလေးတွေကလည်း ပေါ့ပေါ့ပါးပါးရှိပြီး သင့်ရဲ့ခြေသည်းနီအလှကိုပေါ်စေတဲ့အပြင် ခြေထောက်အရှေ့ပိုင်းကို ခပ်ထူထူလေးကာပေးထားတာကြောင့် ခြေထောက်ဘေးကားတဲ့သူတွေ အမာရွတ်ရှိတဲ့သူတွေအတွက် ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၅။ Classy High Heels

အမြင့်ကိုမှကြိုက်တဲ့သူတွေကတော့ ဒီလို ခေတ်ဆန်ပြီး Classy ဖြစ်စေတဲ့ ကြိုးအပါး ဒေါက်အချွန်လေးတွေဝတ်ကြည့်ပါ။

၆။ Sneakers

လူငယ်မိန်းကလေးတွေကြားရေပန်းစားတဲ့ ပေါ့ပေါ့ပါးပါး Sneaker ဖိနပ်တွေကလည်းမရှိမဖြစ်ပါပဲ။ အားထုတ်စရာမလိုဘဲ သင့်ရဲ့ outfit တိုင်းနဲ့ လိုက်ဖက်နေစေမှာဖြစ်ပြီး လူငယ်ဆန်တဲ့ဖက်ရှင်လေးကိုရရှိစေမှာပါ။

၇။ Boots

ရိုးရိုး Boots နဲ့ Ankle Boots လေးတွေကလည်း လတ်တလောခေတ်စားနေပြီး မရိုးသွားမယ့်အမိုက်စား ဖိနပ်ဒီဇိုင်းလေးတွေဖြစ်တာကြောင့် Boots လေးတွေကိုဝယ်ထားတာကလည်းမမှားပါဘူးနော်။ ခပ်ရှည်ရှည်မဝတ်ချင်တဲ့သူတွေအနေနဲ့ Boots အတိုတွေကိုခြေအိတ်လေးနဲ့တွဲပြီးဝတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar