မျက်တောင်ရှည်မယ်ဆိုရင် မိတ်ကပ်တောင် သိပ်ပြင်စရာ လိုတော့မှာ မဟုတ်ပါဘူး။ ဟိုနားဒီနား သွားမယ်ဆိုရင် မျက်တောင်ရှည်ရှိတဲ့ ပျိုမေတို့က မျက်တောင်လေးကို ကော့ပြီး မျက်တောင်ခြယ်လိုက်ရုံပါပဲ။ ဒါ့အပြင် မိတ်ကပ်မလိမ်းထားရင်တောင် မျက်တောင်ရှည်ရှည်လေးက သင့်ကို သဘာဝဆန်ဆန် လှနေစေပါတယ်။ မိန်းကလေးတိုင်းလိုလို မျက်တောင်ရှည်ချင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်မျက်တောင် တစ်လအတွင်း ရှည်လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ Brush လေးနဲ့ ပွတ်ပေးပါ

မျက်တောင်ကို Brush နဲ့ ပွတ်ပေးတာက မျက်တောင်နားတစ်ဝိုက် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး မျက်တောင်ရှည်လာစေနိုင်ပါတယ်။ Brush ပေါ်မှာ ဗီတာမင်အီး သုတ်ပေးပြီး မျက်တောင်ပေါ် ပွတ်နိုင်ပါသေးတယ်။ ရလဒ်သိသာဖို့ တစ်နေ့မှာ နှစ်ကြိမ် ငါးမိနစ်ခန့် ပွတ်ပေးနိုင်ပါတယ်။

၂။ ဆီ

ကြက်ဆူဆီ၊ အုန်းဆီနဲ့ သံလွင်ဆီတို့မှာ အမွှေးအမျှင်တွေကို အားပြည့်စေမယ့် Fatty Acids တွေ ပါဝင်ပါတယ်။ မအိပ်ခင် ဒီဆီတွေထဲက တစ်မျိုး ဒါမှမဟုတ် ဆီအားလုံးကို ရောပြီး မျက်တောင်ပေါ် လိမ်းပေးနိုင်ပါတယ်။

၃။ Vaseline

Vaseline က မျက်တောင်နားတစ်ဝိုက်ကို အစိုဓာတ် ဖြည့်ပေးနိုင်ပါတယ်။ မျက်တောင်ပေါ် Vaseline လိမ်းပြီး တစ်ညကြာ ထားနိုင်ပါတယ်။ မနက်ရောက်ရင် Vaseline ကို ရေနွေးနွေးလေးနဲ့ ဖယ်ချနိုင်ပါတယ်။

၄။ Green Tea

Green Tea မှာ Antioxidant များစွာ ပါဝင်ပြီး မျက်တောင်အတွက်လည်း အကျိုးပြုပါတယ်။ Green Tea ကို ရေနွေးထဲ စိမ်ပြီးနောက် ဖော့တုံးနဲ့ ဒီအရည်ကို ယူကာ မျက်တောင်ပေါ် ပွတ်နိုင်ပါတယ်။

၅။ ရှားစောင်းလတ်ပတ်

Aloe Vera ထဲပါတဲ့ အရည်က ဆံပင်အရှည်မြန်ဖို့ ကူညီပေးနိုင်ပါတယ်။ ရှားစောင်းလတ်ပတ်ဂျယ် အနည်းငယ်ကို ယူပြီး သင့်မျက်တောင်ပေါ် ပွတ်နိုင်ပါတယ်။ တစ်ညထားပြီး နောက်နေ့ ဆေးချနိုင်ပါတယ်။

၆။ နှိပ်နယ်ပေးပါ

နှိပ်နယ်ပေးတာကြောင့် မျက်တောင်က အာဟာရ စုပ်ယူဖို့ ပိုမြန်သွားစေပါတယ်။ လက်သေချာဆေးပြီးနောက် သံလွင်ဆီ၊ ဒါမှမဟုတ် အုန်းဆီကို လက်မှာပွတ်ကာ မျက်လုံးပေါ်နဲ့ မျက်တောင်ကို ဖြည်းညင်းစွာ နှိပ်နယ်ပေးရပါမယ်။

၇။ Egg Mask

ကြက်ဥက မျက်တောင်ကျွတ်တာ သက်သာစေပြီး မျက်တောင်ကို ပိုသန်မာစေပါတယ်။ ကြက်ဥတစ်လုံး၊ Vaseline နဲ့ Glycerin အနည်းငယ်ကို ရောမွှေကာ မျက်တောင်ပေါ် လိမ်းပေးရပါမယ်။ ဒီ Mask ကို တစ်ပတ်မှာ သုံးကြိမ်ထိ သုံးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar