မင်္ဂလာပါ ပျိုမေတို့ရေ။ ပုံမှန် ဆွယ်တာတွေထက် ခါးတိုပုံစံလေးတွေက ပိုပြီးခေတ်ဆန်သလို မပူမအေးတဲ့ ဆောင်းရာသီမှာ ဝတ်ဖို့အတွက်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ခါးတိုဖြစ်တာမို့ အမြင်မရိုင်းဘဲ ကြည့်ကောင်းနေမယ့် တွဲစပ်ဝတ်ဆင်နည်းတွေကို သိထားဖို့တော့လိုမယ်နော်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ခါးတိုဆွယ်တာလေးတွေနဲ့ အထာကျကျတွဲဖက်ပြီး ဝတ်ဆင်နိုင်မယ့် အတွဲအစပ် Outfit အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ဆန်သလို ခါးသွယ်သွယ်လေးပေါ်ပြီး စတိုင်ကျစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ အစင်းကြားဘောင်းဘီလေးတွေနဲ့ တွဲဝတ်မယ်

အစင်းကြားဘောင်းဘီတွေက ဒီဇိုင်းလေးတွေလည်း ထူးခြားသလို အပေါ်က ဆွယ်တာအတိုလေးတွေနဲ့ တွဲဝတ်လို့ကောင်းတဲ့ စတိုင်လေးပါ။

၂။ Mini စကပ်၊ Boots လေးတွေနဲ့ ဝတ်မယ်

ဆွယ်တာနဲ့ Mini စကပ်လေးတွေက တွဲဝတ်လို့အရမ်းလှတာမို့ အခုခေတ်လူငယ်မိန်းကလေးတွေအကြိုက်ပါပဲ။ ဆယ်ကျော်သက်လေးလို အထာကျစေမယ့်အပြင် OOTD ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရမယ့် Outfit စတိုင်လေးဖြစ်ပါတယ်။

၃။ ခါးရှည် Jeans နဲ့ Sneakers လေးတွေတွဲဝတ်မယ်

ခါးရှည် Jeans နဲ့ ဆွယ်တာခါးတို အတွဲအစပ်ကလည်း ခါးသွယ်သွယ်လေးပေါ်ပြီး စတိုင်ကျပါတယ်။ အောက်က Sneakers လေးတွေပါ တွဲဝတ်ပေးမယ်ဆိုရင် လူငယ်ဆန်တဲ့ အမိုက်စားဖက်ရှင်လေးရစေပါလိမ့်မယ်။

၄။ ဆွယ်တာအောက်က Shirt လေးခံပြီး စကပ်တိုနဲ့ တွဲဝတ်မယ်

ဆွယ်တာနဲ့ Shirt အထပ်လေးခံပြီး ဝတ်တာကလည်း ဖက်ရှင်တစ်မျိုးဆန်းပြီး အထာကျပါတယ်။ စကပ်တိုလေးတွေနဲ့ တွဲဝတ်ပေးရင် အမိုက်စား Vibe လေးရစေမှာပါ။

၅။ ရင်ခံနဲ့ ဆွယ်တာအပါးနှစ်ထပ်ကို စကပ်တို၊ Sneakers ဖိနပ်လေးတွေနဲ့ ဝတ်မယ်

Cardigan ပုံစံ ဆွယ်တာအပါး ခါးတိုလေးအောက်က ရင်ခံအင်္ကျီလေးနဲ့ တွဲဝတ်တာကလည်း ဆွဲဆောင်မှုရှိသလို အထာလည်းကျမယ့် ဖက်ရှင်လေးပါ။ မပူအအေးတဲ့ ရာသီမှာဝတ်ဖို့ကွက်တိပါပဲ။

၆။ Jeans (သို့) ရိုးရိုး ဘောင်းဘီတိုလေးတွေနဲ့ တွဲဝတ်မယ်

ဆွယ်တာခါးတိုတွေက ဘောင်းဘီတိုလေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ ပုံထဲကလို ဒီဇိုင်းလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အိမ်နေရင်းနဲ့ ဟိုနားဒီနားထွက်တဲ့အခါ ပေါ့ပေ့ါပါးပါးဝတ်လို့ကောင်းမှာပါ။

၇။ အသားကပ် ဘောင်းဘီလေးနဲ့လည်း တွဲဝတ်နိုင်ပါတယ်

အသားကပ်ဘောင်းဘီအမဲလေးတွေက ဝတ်ရတာသက်တောင့်သက်သာရှိသလို တစ်ထည်ရှိရုံနဲ့ ဘာနဲ့တွဲဝတ်ဝတ်လိုက်ပါတယ်။ ခါးတိုဆွယ်တာလေးနဲ့ တွဲဝတ်မယ်ဆိုရင်လည်း ထသွားထလာ ပေါ့ပါးတဲ့စတိုင်လေးရစေမှာပါ။

Photo Source: Pinterest, preview.ph

By MyStyle Myanmar