ကျွန်မတို့က ဘဝမှာ အချိုမြဆုံးအရာတွေ၊ အလှဆုံး အရာတွေကို လွယ်လွယ်လေးရချင်ကြပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို အပြင်းအထန်ကြိုးစားမှ လိုချင်တာ ရနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ကိုယ့်ခန္ဓာကိုယ်ကြွက်သားတွေကို ပိုထိစေတဲ့ ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေကို လုပ်တဲ့အခါ လိုချင်တဲ့ ရလဒ်ကို ခပ်မြန်မြန် သိသိသာသာ ပိုင်ဆိုင်နိုင်ပါတယ်။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက သင့်ခန္ဓာကိုယ်ကို သိသိသာသာ အမြန်ပြောင်းလဲဖို့ အာမခံချက်ပေးနိုင်ပါတယ်။ သင်ထွက်သမျှ ချွေးက လုပ်ရကျိုးနပ်မှာ မလွဲမသွေပါပဲ။ ဒီတော့ ဘယ်လေ့ကျင့်ခန်းတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ Burpees

Photo Source: Tenor

Burpees လေ့ကျင့်ခန်းက စိန်ခေါ်မှုများတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်လုံးစာ အဆီကျဖို့ Total Body Workout ဖြစ်ပြီး စနစ်တကျလုပ်မယ်ဆိုရင် များသောအားဖြင့် ငါးခေါက်လောက်နဲ့တင် ချွေးထွက်လာနိုင်ပါတယ်။

၂။ Lunges

Photo Source: Tenor

Lunges လေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ်အောက်ပိုင်းအတွက် ခက်ခဲတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ သင့်ခြေထောက်ကို ၉၀ ဒီဂရီကွေးပေးရပါမယ်။ သင့်ခန္ဓာကိုယ်ရဲ့ အကြီးဆုံး ကြွက်သားအုပ်စုကို အာရုံစိုက်ပေးရပါမယ်။

၃။ Starburst

 

Photo Source: Home- BBC News- BBC

Starburst ကလည်း Burpees လိုပဲ တစ်ကိုယ်လုံးစာ ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။ ထိုင်ချပြီးနောက် ပြန်ထကာ ခုန်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းက အမှန်တကယ် ခက်ကြောင်း လုပ်ကြည့်မှ သိပါလိမ့်မယ်။

၄။ Tricep Dips

Photo Source: Gfycat

လေ့ကျင့်ခန်း လုပ်တဲ့အခါ တစ်နေရာတည်းကို ဖိလုပ်လို့ မရပါဘူး။ တစ်ကိုယ်လုံးစာ လုပ်ပေးရပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲလာစေဖို့ Tricep ကိုပါ အာရုံစိုက်ပေးရပါမယ်။

၅။ Squat Holds

Photo Source: YouTube

ထိုင်လျက်ပုံစံကို ထိန်းထားရတဲ့ Squat Hold က သင့်ခန္ဓာကိုယ် အောက်ပိုင်းအတွက် လေ့ကျင့်ခန်းဖြစ်ပါတယ်။ သင့်ပေါင်ကြွက်သားတွေကို ထိစေတဲ့အပြင် ကျောရိုးမ သန်မာစေပါတယ်။

၆။ Push Ups

Photo Source: Giphy

ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေထဲမှာ Push Ups က မပါမဖြစ်ပါပဲ။ အပေါ်ပိုင်း ကြွက်သားတွေအတွက် Push Up က အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

၇။ Pull Ups

Photo Source: Giphy

ဘားခိုရတဲ့ လေ့ကျင့်ခန်းက သင့်လက်မောင်း၊ ကျောရိုးမနဲ့ နောက်ဘက်ကြွက်သားတွေကို ထိရောက်တဲ့ ရလဒ်ရစေမယ့် လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းကို လုပ်တဲ့အခါ သင့်ရဲ့ တိုးတက်မှုကို မှတ်ထားသင့်ပါတယ်။ သင်ပိုသန်မာလာလေလေ ဒီလေ့ကျင့်ခန်းကို ပိုလုပ်လာနိုင်လေပါပဲ။

ဒီခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားပေးမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ် အမြန်ဆုံး ပြောင်းလဲလာမှာပါ။