များသောအားဖြင့် မျက်နှာအဆီအရမ်းပြန်တာ၊ ၊ အိပ်ရေးပျက်တာ၊ မျက်နှာပေါ်ဆဲလ်သေနဲ့ အညစ်အကြေးတွေ ပိတ်မိတာစတဲ့ ပြဿနာတွေက ချွေးပေါက်ကျယ်စေတဲ့အကြောင်းအရင်းတွေပါပဲ။ ဒါ့အပြင် ဓာတ်မတည့်တဲ့ အလှကုန်တွေနဲ့ စားသောက်ပုံအမှားတွေကတစ်ဆင့်လည်း အဆီပြန်၊ အသားအရေပျက်စီးပြီး ချွေးပေါက်ကျယ်လာတတ်ပါတယ်။ ဒီလိုပြဿနာတွေဖြစ်လာတဲ့အခါ ချွေးပေါက်ပြန်ကျဉ်းအောင် ပြန်လည်ထိန်းသိမ်းနိုင်ဖို့ သတိထားပြီးပြုလုပ်ပေးရမယ့်အချက်တွေကို ဒီတစ်ခေါက်အကြောင်းအရာမှာ မျှဝေပေးလိုက်ပါတယ်။

၁။ သန့်စင်ပြီးသားသကြားထက် သကြားအညိုကိုရွေးချယ်စားသုံးပါ


သန့်စင်ပြီးသားသကြားပါဝင်မှုများတဲ့အစားအသောက်တွေ၊ ဆီများတဲ့အစားအစာတွေက ချွေးပေါက်ပိတ်စေနိုင်ပါတယ်။ သင်ကအချိုစားရတာကြိုက်တဲ့သူဆိုရင်တော့ သန့်စင်ထားတဲ့သကြားတွေအစား သကြားအညိုကိုစားသုံးနိုင်ပါတယ်။

၂။ အဆီစုပ်စက္ကူမကြာခဏသုံးခြင်းကိုရှောင်ပါ


အရေပြားကျွမ်းကျင်ပညာရှင်တွေက အဆီစုပ်စက္ကူတွေဟာခဏတာအတွက်ပဲဖြစ်ပြီး အသုံးများတဲ့အခါ မျက်နှာပေါ်မှာရှိတဲ့ လိုအပ်တဲ့အဆီတွေကိုပါဖယ်ရှားမိစေတဲ့အပြင် စုပ်ယူလိုက်တဲ့အဆီအတွက် အစားထိုးပြန်လည်ထုတ်လုပ်ရတဲ့ပမာဏလည်း ပိုပြီးမြှင့်တက်လာစေတယ်လို့ အကြံပြုထားပါတယ်။

၃။ Green Tea အနှစ်ပါဝင်တဲ့ Skincare ပစ္စည်းတွေကိုအသုံးပြုပါ


Green Tea ပါဝင်တဲ့ Skincare ပစ္စည်းတွေက အသားအရေကိုကာကွယ်ပေးပြီး နူးညံ့ချောမွေ့စေပါတယ်။ ဒါ့အပြင် မျက်နှာအဆီပြန်ခြင်းကိုထိန်းပေးနိုင်ပြီး အိုမင်းရင့်ရော်ခြင်းကိုလည်းလျှော့ချပေးပါတယ်။

၄။ မိတ်ကပ်ကြာရှည်ခံဖို့ Powder အချိန်တိုင်းထပ်တာမျိုးကိုလည်းရှောင်ရပါမယ်


အချိန်တိုင်း အဆီပြန်ခြင်းကင်းပြီး မိတ်ကပ်ဖုံဖုံလေးဖြစ်စေဖို့ Powder ခဏခဏထပ်လိမ်းတာမျိုးကလည်း တဖြည်းဖြည်းနဲ့ ချွေးပေါက်ပိတ်လာတတ်ပါတယ်။ ဒါကြောင့် မကြာခဏ Powder ထပ်တာမျိုးကိုရှောင်ပြီး နှစ်ကြိမ်ထပ်ပိုမလိမ်းသင့်ပါဘူး။ လိမ်းတဲ့အခါမှာလည်း Cushion လိမ်းတဲ့ဖော့တွေထက် Brush တွေကို အသုံးပြုပေးပါ။

၅။ အလှအပထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေကိုသတိပြုပေးပါ


အချို့ မိတ်ကပ်ပစ္စည်းတွေမှာ မျက်နှာအသားအရေကို ချွေးပေါက်ပိတ်ပြီး ဆားဝက်ခြံထွက်စေတဲ့ ဓာတ်နဲ့ပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဥပမာ အုန်းဆီ၊ သံလွင်ဆီတွေကပါဝင်တဲ့ထုတ်ကုန်တွေက ချွေးပေါက်ပိတ်စေနိုင်တာကြောင့် ဒါတွေအစား ကြက်ဆူဆီနဲ့ Jojoba ဆီတွေကိုသာအသုံးပြုသင့်ပါတယ်။

၆။ “Salicylic Acid” ပါတဲ့ မျက်နှာသစ်ဆေးတွေကိုသုံးပါ


လေ့လာမှုတွေအရ “Salicylic Acid” ပါဝင်တဲ့မျက်နှာသစ်ဆေးတွေက ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့အပြင် အညစ်အကြေးနဲ့ ချွေးပေါက်တွေမပိတ်အောင်လည်း ကူညီပေးနိုင်တယ်လို့ပြောကြပါတယ်။ ဒါကြောင့် “Salicylic Acid” ပါတဲ့ Cleanser ထုတ်ကုန်တွေကိုအသုံးပြုပေးသင့်ပါတယ်။

၇။ Gel အမျိုးအစားဖြစ်တဲ့ Cleanser တွေကိုသုံးပါ


Cleanser သုံးတဲ့အခါမှာ Cream အမျိုးအစားတွေထက် Gel ပုံစံတွေကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဒီလို Cleanser တွေက ချွေးပေါက်ကျယ်ခြင်းကိုသက်သာစေတဲ့အပြင် အဆီထုတ်လုပ်မှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။

Photo Source: Pinterest, Brightside.me

By MyStyle Myanmar