အသက်အရွယ်ရလာတဲ့အခါ မျက်ခွံတွဲကျတာက ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ပြောလို့ရပေမယ့် အလှအပရှုထောင့်ကနေကြည့်ရင် သင့်ကို အိုမင်းရင့်ရော်တဲ့ပုံပေါက်စေပြီး ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုလည်း မျက်ခွံတွဲကျခြင်းကြောင့် အမြင်အာရုံအားနည်းခြင်းနဲ့ မျက်စိနဲ့ပတ်သက်တဲ့ရောဂါများ ခံစားရနိုင်ပါတယ်။

မျက်ခွံတွဲကျခြင်းကြောင့် မျက်စိရောဂါခံစားရခြင်းမှ ကင်းဝေးဖို့အတွက် အိမ်တွင်းဆေးနည်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာက သင့်အသားအရေကို တင်းရင်းလှပစေပါတယ်။ သင့်မျက်ခွံကို သန့်စင်အောင် ရေနဲ့မျက်နှာသစ်လိုက်ပြီး ခြောက်သွားတဲ့အခါမှာ ကြက်ဥအကာကို မျက်ခွံပေါ်တင်လိုက်ပါ။ ကြက်ဥအကာ ခြောက်သွားတဲ့အခါမှာတော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ ထူးခြားသွားတဲ့ အကျိုးရလဒ်ကို ချက်ချင်းတွေ့မြင်ရမှာပါ။

ကမ်မိုမိုင် လက်ဖက်ခြောက်အိတ်

ကမ်မိုမိုင်က မျက်ခွံတွဲကျခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ ကမ်မိုမိုင်လက်ဖက်ရည်ပြုလုပ်ပြီးတဲ့အခါ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီးရင် မျက်လုံးပေါ်ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တင်ပေးထားလိုက်ပါ။ အေးမြတဲ့ အထိအတွေ့ကို ခံစားရမှာဖြစ်ပြီး အရေးအကြောင်းများကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ရေခဲတုံး

ရေခဲတုံးက သွေးကြေားများကို တင်းကျပ်စေပြီး မျက်ခွံတွဲကျခြင်းကို သက်သာစေပါတယ်။ ရေခဲတုံးနဲ့ မျက်ခွံကိုပွတ်တိုက်ပေးမယ်ဆိုရင် ကောင်းမွန်တဲ့အကျိုးရလဒ်ကို အချိန်တိုအတွင်း ရရှိမှာဖြစ်ပါတယ်။

သခွားသီး

သခွားသီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ Caffenic နဲ့ Ascorbic အက်စစ်တို့ ပါဝင်တဲ့အပြင် အသားအရေကို တင်းရင်းလှပစေပါတယ်။ ပါးပါးလှီးထားတဲ့ သခွားသီးကို မျက်လုံးပေါ်တင်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အနားယူလိုက်ပါ။ ပြီးရင် သခွားသီးကို ဖယ်ရှားလိုက်တဲ့အခါမှာ တောက်ပပြီးလန်းဆန်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

စပျစ်သီးစားပါ

စပျစ်သီးရဲ့ ကျန်းမာရေးအစွမ်းထက်ပုံ

စပျစ်သီးမှာ အသက်အရွယ်အိုမင်းရင့်ရော်စေတဲ့ ဆဲလ်များကို ဖယ်ရှားပေးတဲ့ ဒြပ်စင်တို့ ပါဝင်တဲ့အတွက်ကြောင့် နေ့တိုင်းစားသုံးပေးမယ်ဆိုရင် သင့်ကိုအရွယ်တင်နုပျိုစေမှာ အမှန်ပါပဲ။

မျက်လုံးလေ့ကျင့်ခန်းပြုလုပ်ပါ

မျက်လုံးမှိတ်ထားပြီး လက်ညှိုးကို မျက်လုံးတစ်ဖက်စီမှာ အလျားလိုက်တင်ထားပါ။ တစ် ကနေ ငါးအထိ ဖြည်းဖြည်းရေတွက်နေတဲ့အချိန်မှာ မျက်ခွံပေါ်ကို ဖိအားအနည်းငယ်ပေးလိုက်ပါ။ ဖိအားပေးနေတဲ့အချိန်မှာပဲ မျက်လုံးဖွင့်ဖို့ ကြိုးစားပါ။ ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် မျက်ခွံတွဲကျမှာ မဟုတ်တော့ပါဘူး။

နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ

အိပ်ရေးဝဝမအိပ်တဲ့အခါ စိတ်ဖိစီးမှုကိုခံစားရပြီး သင့်မျက်လုံးများကလည်း ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ အဲ့ဒီအခါ မျက်ခွံတွဲကျခြင်းနဲ့ အရေးအကြောင်းဖြစ်ပေါ်ဖို့ အားပေးရာရောက်ပါတယ်။ ဒါ့ကြောင့် လန်းဆန်းတက်ကြွနေပြီး စိတ်ဖိစီးမှုကင်းဝေးကာ အရွယ်တင်နုပျိုနေဖို့အတွက် အိပ်ရေးဝဝအိပ်စက်ခြင်းက အလွန်အရေးကြီးပါတယ်။

Source: Brightside.me