လမ်းခွဲပြီးတဲ့နောက်မှာ ခံစားရတာတွေ၊ ဝမ်းနည်းမှုတွေ လျော့ကျသွားပြီး ခံစားချက်တွေ ပိုကောင်းလာအောင် ကူညီပေးမယ့်အချက် ၇ ချက်ကို မျှဝေပေးလိုက်ပါတယ်။ ဒီအချက်တွေကို အသုံးချပြီး လမ်းခွဲပြီးတဲ့ EX ကို ဘဝထဲကနေ ထုတ်ပစ်လိုက်ရအောင်။

အဆက်အသွယ်မလုပ်ပါနဲ့

အဆက်အသွယ်လုပ်နေရင် စိတ်က ပြတ်နိုင်မှာမဟုတ်ပါဘူး။ ခံစားရတဲ့ နာကျင်မှုတွေကလည်း မေ့မသွားပဲ အမြဲသတိရနေမှာပါ။ ဒါကြောင့် အရာအားလုံးကို မေ့ပစ်ဖို့ အဆက်အသွယ်မလုပ်ပဲ ဖြတ်ပစ်လိုက်ပါတော့။

တခြားသူကိုရင်ဖွင့်ပါ

တစ်ယောက်ထဲကြိတ်ခံစားနေရင် ပိုပြီးခံရခက်ပါတယ်။ ဒါကြောင့် ရင်ထဲပေါ့ပြီး နေလို့ကောင်းသွားအောင် ကိုယ်ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပြောပြလိုက်ပါ။

ကိုယ့်ကိုယ်ကိုအချိန်ပေးပြီးကြင်နာပါ

ကိုယ့်ကိုယ်ကိုအချိန်ပေးပြီး လုပ်ချင်တာလုပ်၊ စားချင်တာစားပြီး လှအောင် ပြင်ပြင်ဆင်ဆင်နေပါ။ ကိုယ့်ကိုယ်ကို ကြင်နာပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ပိုချစ်ပြီး တန်ဖိုးထားတတ်လာမယ်၊ စိတ်ခံစားချက်လည်း ပိုကောင်းလာပါမယ်။

အလုပ်များအောင်လုပ်ပါ

အလုပ်များနေရင် အာရုံမထွေပြားတော့ဘူး၊ စိတ်ညစ်စရာတွေဆီကို စိတ်မရောက်တော့ဘူး၊ အလုပ်ထဲမှာပဲ စိတ်နှစ်ထားနိုင်တဲ့အတွက် ခံစားရတာတွေက သူ့အလိုလိုနည်းသွားပြီး အဆင်ပြေလာပါလိမ့်မယ်။

ဝါသနာပါတာကိုလုပ်ပါ

လူတိုင်းက ကိုယ်ဝါသနာပါတာကို လုပ်နေရရင် ပျော်ပါတယ်။ ပင်ပန်းတဲ့အလုပ်က ကိုယ်ဝါသနာပါတဲ့အလုပ် ဖြစ်နေရင်တောင်မှ ပျော်ပျော်ကြီးလုပ်နေတာပါပဲ။ ဝါသနာပါတာကို ရှာဖွေပြီး လုပ်ဆောင်ရင်းနဲ့ ခံစားချက်တွေ ကောင်းလာပါလိမ့်မယ်။

ကုထုံးကိုစဉ်းစားပါ

ကုထုံးဆိုတာကတော့ ဘယ်အရာက ကိုယ့်အတွက် စိတ်သက်သာရာရစေလဲ၊ ကိုယ့်စိတ်ကို ကုစားပေးနိုင်မလဲဆိုတာကို စဉ်းစားဖို့ပါ။ ဥပမာ စာဖတ်ရတာက ကိုယ့်စိတ်ကို ကုစားပေးနိုင်တယ်ဆိုရင် စာများများဖတ်ပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေတယ်၊ စိတ်ညစ်စရာတွေ လျော့ကျစေပါတယ်။ စိတ်ခံစားချက်တွေလည်း ပိုကောင်းလာမယ့်အပြင် Body လည်းပိုလှလာမှာ ဖြစ်တဲ့အတွက် အလုပ်သင့်ဆုံးအချက်ပါပဲ။