မင်္ဂလာပါနော်။ ထွေထွေထူးထူးလုပ်စရာမလိုဘဲ အသားအရေကြည်လင်လာစေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်ဆိုရင် စိတ်ဝင်စားကြလား။ အသားအရေအတွက် အလှအပပစ္စည်းတွေ ဝယ်သုံးနေပေမယ့် သိပြီးမထိရောက်သလို ခံစားနေရရင် အခုဆောင်းပါးမှာ ဖော်ပြပေးမယ့်နည်းတွေက သင့်ကို သိပ်အားစိုက်စရာမလိုဘဲ အသားအရေလေး Glow လာအောင် ပံ့ပိုးပေးမှာပါ။

ဒီတစ်ခေါက်မှာ အသားကြည်လာချင်သူတိုင်း လုပ်ကြည့်သင့်တဲ့ နည်းလမ်းတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အကုန်အကျသိပ်မများသလို အချိန်လည်း အရမ်းမပေးရတာမို့ ပျိုမေတိုင်းအတွက် အဆင်ပြေမှာပါ။

ရေများများသောက်ပါ


အသားကြည်ဖို့အတွက်အစိုဓာတ်က အရေးအကြီးဆုံးပါပဲနော်။ ရေသောက်တာက အသားအရေကြည်လင်လာဖို့အတွက် အလွယ်ဆုံးနဲ့အထိရောက်ဆုံး နည်းတစ်မျိုးဖြစ်တာမို့ တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာခန့်သောက်ပေးတဲ့အကျင့်လုပ်သင့်ပါတယ်။

မျက်နှာကို သန့်စင်အောင်ထားပါ


မျက်နှာသန့်စင်နေမှ ချွေးပေါက်ပိတ်တာနဲ့ ဝက်ခြံထွက်တာစတဲ့ အသားအရေပြဿနာတွေ မဖြစ်မှာပါ။ အဆီပြန်တတ်တဲ့သူတွေဆိုရင် ပိုပြီးသန့်စင်ပေးပါနော်။ မျက်နှာသစ်တဲ့အခါ ရေနွေးနွေးနဲ့ အရင်သစ်ပြီးမှ ရေအေးနဲ့ဆေးချလိုက်သင့်ပါတယ်။ ရေနွေးနဲ့အရင်သစ်လိုက်တာက အရေပြားရဲ့ ချွေးပေါက်တွေပွင့်သွားတာမို့ ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်စေမှာပါနော်။

ဆံပင်နဲ့မျက်နှာနဲ့မထိအောင်နေပါ


ဆံပင်မှာမမြင်ရတဲ့ဖုန်နဲ့အဆီတွေကပ်နေတတ်တာမို့ မျက်နှာနဲ့ထိတဲ့အခါ အညစ်အကြေးတွေကပ်ပြီး ချေးပေါက်ပိတ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ဆံပင်ကိုမျက်နှာနဲ့ခပ်ဝေးဝေးထားတာ အကောင်းဆုံးပါနော်။ ဒီလိုလုပ်ပေးတာက သင့်ကိုအကုန်အကျမရှိဘဲ အသားအရေကောင်းအောင်ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Sunscreen အမြဲလိမ်းထားပါ


အိမ်မှာနေတဲ့အချိန်နဲ့ နေအရမ်းမပူတဲ့နေ့တွေမှာလည်း Sunscreen ကိုလိမ်းထားပေးပါနော်။ Sunscreen ကိုမနက်တိုင်း ပုံမှန်လိမ်းတဲ့အကျင့်လုပ်ထားတာက သင့်မျက်နှာကို အရွယ်မတိုင်ခင် အရေးအကြောင်းနဲ့အမဲစက်တွေမဖြစ်အောင်ကာကွယ်ပေးပြီး အသားအရေကြည်လင်လာစေမှာပါ။

ညဘက်မှာပါ Moisturizer လိမ်းပေးပါ


အခြားသော Skincare တွေထက် Moisturizer ကို မနက်၊ ညပုံမှန်လိမ်းပေးတာက သင့်အသားအရေကို ကြည်ကြည်လင်လင်လေးဖြစ်အောင် ပံ့ပိုးပေးမှာပါနော်။ ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ Moisturizer တစ်မျိုးဆောင်ထားပြီး ပုံမှန်လိမ်းပေးပါ။

မိတ်ကပ်ထူထူတွေမလိမ်းပါနဲ့


မိတ်ကပ်ထူထူနေ့တိုင်းလိမ်းတာက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လာတတ်တာမို့ မိတ်ကပ်ကို Foundation ထူထူမသုံးဘဲ ခပ်ပြေပြေလေးပဲလိမ်းတာပိုကောင်းပါတယ်။

ညဘက်စောစောအိပ်ပေးပါ


အိပ်ရေးမဝတဲ့အခါ အသားအရေပိုခြောက်ကပ်ပြီး မျက်ကွင်းညိုကာ အရောင်မွဲလာတတ်တာမို့ အိပ်ချိန်ကို ဂရုစိုက်ပေးဖို့မမေ့ပါနဲ့။ ညပိုင်းတွေမှာစောစောအိပ်ပြီး တစ်နေ့ပျမ်းမျှ ၇ နာရီပြည့်အောင်အိပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar