မိတ်ကပ်နေ့တိုင်း လိမ်းတာက သင့်အသားအရေ အတွက် Stress ဖြစ်စေတာကို သင်သိပြီး ဖြစ်မှာပါ။ တချို့ မိန်းကလေးတွေဆိုရင် မိတ်ကပ် လိမ်းရတာကို မနှစ်သက်ကြပါဘူး။ မိတ်ကပ်မလိမ်းလည်း လှနေဖို့ ဆိုတာက လုပ်သင့်တဲ့ အချက်တွေကို လိုက်နာကာ မပျက်မကွက် လုပ်ပေးမှ အဆင်ပြေမှာပါ။ မိတ်ကပ်မလိမ်းလည်း ချစ်ဖို့ကောင်းနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေကတော့-

Eye cream

သင်က Budget နဲ့ အသားအရေ ထိန်းသိမ်းတတ်သူဆိုရင် Eye Cream မရှိလည်း ဖြစ်တယ်ဆိုတဲ့ အချက်ကို သိထားသင့်ပါတယ်။ သဘာဝကျကျ လှနေဖို့ အရည်အသွေး ကောင်းတဲ့ Moisturizer တစ်မျိုးမျိုးမှာ Invest လုပ်ရုံနဲ့ လုံလောက်ပါတယ်။

မျက်ခုံး

သဘာဝဆန်ဆန် မိတ်ကပ်မလိမ်းဘဲ ချစ်စရာ ကောင်းနေဖို့ မျက်ခုံးကို အလေးထားသင့်ပါတယ်။ မျက်ခုံး Shape ကို ပျက်စေတဲ့ တခြား မျက်ခုံးမွှေးတွေကို နှုတ်တာ၊ ရိတ်တာတွေ ပုံမှန် လုပ်ပေးရပါမယ်။

Ice ကပ်ပါ

ရေခဲတုံးက အသားအရေ ချွေးပေါက်ကျဉ်းစေပါတယ်။ မျက်နှာပေါ် ရေခဲပွတ်တာကို ပုံမှန် လုပ်ပေးရင် အရင်ထက်လည်း အသားအရေ တင်းရင်း လာပါလိမ့်မယ်။ နေ့တိုင်းလုပ်စရာ မလိုသလို အသားအရေ Sensitive ဖြစ်သူတွေ အနေနဲ့ ရေခဲကို မျက်နှာပေါ် တိုက်ရိုက် မပွတ်သင့်ပါဘူး။

Jade roller

Jade roller က သင့်အသားအရေအတွက် သွေးလည်ပတ်မှု ကောင်းစေမယ့် အပြင် အသားအရေကို တင်းရင်းစေပါတယ်။ သဘာဝဆန်ဆန် မိတ်ကပ်မလိမ်းဘဲ Glow Skin ပိုင်ဆိုင်ဖို့ Jade Roller က ကူညီပေးနိုင်ပါတယ်။

Skincare ပုံမှန်လုပ်ပါ

မိတ်ကပ်မလိမ်းဘဲ ချစ်စရာလေး ဖြစ်နေဖို့ လိုအပ်တဲ့ အရေးအကြီးဆုံး အချက်က Skincare ပုံမှန် လုပ်တာပါ။ သင်ပင်ပန်းတဲ့နေ့၊ လုပ်ချင်စိတ် မရှိတဲ့ ရက်မှာတောင် Skincare အဆင့်ကို မကျော်သင့်ပါဘူး။

Hair Oil ဒါမှမဟုတ် Hair Spray

သဘာဝဆန်ဆန် လှနေဖို့ ဆံသားကလည်း အရေးကြီးပါတယ်။ ဆံပင်ကို ပျော့အိပြီး စိုပြေနေအောင် ဂရုစိုက်ဖို့ လိုပါတယ်။ တောက်ပပြီး ထူတဲ့ ဆံသားရဖို့ Hair Oil ဒါမှမဟုတ် Hair Spray ကို ပုံမှန် သုံးသင့်ပါတယ်။

ခေါင်းလျှော်တာ

သဘာကျကျ လှနေဖို့က ဆံပင်က အရေးပါတာကို အပေါ် မှာလည်း ပြောပြီးပါပြီ။ တစ်ပတ် နှစ်ကြိမ် ပုံမှန်ခေါင်းလျှော်သင့်ပြီး မလျှော်ဖြစ်ရင် Dry Shampoo သုံးပေးသင့်ပါတယ်။ ဆံပင်ကို နောက်လှန်စည်းတာကလည်း အလေ့အကျင့် ကောင်းပါပဲ။

Photo Source: Pinterest

By MyStyle Myanmar