ခေါင်းလျှော်ပြီးလည်း တစ်ရက်လောက်ပဲခံပြီး ဆံပင်က အဆီပြန်နေသလိုကြီး ဖြစ်သွားတယ်၊ အမြဲတမ်း အဲ့လိုဖြစ်နေတယ်ဆိုတဲ့ Greasy Hair ပိုင်ရှင်တွေအတွက် Greasy ဖြစ်နေတာသက်သာအောင် ရှောင်ကြဉ်သင့်တဲ့ အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

Silicone-Free Shampoo သုံးပါ

ခေါင်းလျှော်တဲ့အခါမှာ တွေ့ကရာ Shampoo သုံးတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ဆံသားက Greasy ဖြစ်တယ်ဆိုရင် Silicone-Free Shampoo ကို ပြောင်းသုံးပါ။

Conditioner ကို ဆံပင်အရင်းအထိမသုံးပါနဲ့

Conditioner သုံးတဲ့အခါမှာ ဆံပင်အောက်ဖျားကနေ ဆံပင်တစ်ဝက်လောက်အထိပဲ သုံးပေးပါ။ ဦးရေပြားနာအထိ ကပ်ပြီးသုံးရင် ဆံသားက ပိုပြီးတော့ Greasy ဖြစ်စေပါတယ်။

သဘာဝအတိုင်းဆံပင်အခြောက်ခံပါ

ဆံပင်ကို ခဏခဏ Dryer နဲ့မှုတ်တာကလည်း ဆံသား Greasy ဖြစ်တာ ပိုဆိုးစေပါတယ်။ ဒါကြောင့် Towel နဲ့ ရေစင်အောင်သုတ်ပြီး သဘာဝအတိုင်း အခြောက်ခံပေးပါ။

ဆံပင်ခဏခဏမဖြီးပါနဲ့

ဆံပင်ခေါင်းဖြီးတာကလည်း ဆံသား Greasy ဖြစ်စေပါတယ်။ ဒါကြောင့် ခဏခဏဆံပင်ကို ကိုင်တာ၊ ဆံပင်ခဏခဏဖြီးတာမျိုးတွေ မလုပ်ပါနဲ့။

ခေါင်းခဏခဏမလျှော်ပါနဲ့

ဆံပင်တွေစေးကပ်နေလို့ဆိုပြီး ခေါင်းခဏခဏလျှော်နေရင် ပိုဆိုးမှာပါ။ ဒါကြောင့် ခေါင်းခဏခဏလျှော်တာကို ဆင်ခြင်ဖို့လိုပါတယ်။ တစ်ပတ်တစ်ခါ၊ နှစ်ခါထက် ပိုမလျှော်ပါနဲ့။

ဘီးကိုမသန့်ရှင်းပဲမထားပါနဲ့

ဘီကိုသန့်ရှင်းရေးမလုပ်ပဲ ဖြီးနေမယ်ဆိုရင် ဘီးမှာကပ်နေတဲ့ အညစ်အကြေးတွေကို ဆံသားကိုပြန်ကပ်ပြီး Greasy ဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းမှာ ဘီးကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

ရေနွေးနဲ့ ခေါင်းလျှော်တာက Fresh ဖြစ်စေတယ်ဆိုပေမယ့် ဆံပင်နှစ်ခွဖြစ်တာ၊ ဖွာတာတွေဖြစ်စေပြီး ဆံသားလည်း Greasy ဖြစ်စေပါတယ်။