ကိုယ့်စည်းကမ်း ကိုယ့်ကတိတွေကို လိုက်နာနိုင်ဖို့ ကြိုးစားရမယ့် တစ်ဦးတည်းသောသူက သင်ပါပဲ။ ကိုယ့်စည်းကမ်းကိုယ်လိုက်နာတယ်ဆိုတဲ့ အကျင့်က လေ့ကျင့်ရတဲ့ အရာတစ်ခုပါ။ ဒီအရာက အတတ်ပညာသင်သလိုပါပဲ။ အမြဲလေ့ကျင့်ပေးနေမှ သင့်အနေနဲ့ အကျင့်ပါလာပါလိမ့်မယ်။ ကိုယ့်ကတိကိုယ် တည်တဲ့လူတစ်ယောက်က ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာပါတယ်။ ဒီလိုဖြစ်ဖို့ နည်းလမ်း (၇) ခုကတော့-

၁။ ဆုံးဖြတ်ချက်ချပြီး ဖြစ်အောင်လုပ်ပါ

ဆုံးဖြတ်ချက်ချပြီးတာနဲ့ ချက်ချင်းလုပ်ဖို့ အရေးကြီးပါတယ်။ ဒီနေ့ ဆုံးဖြတ်ပြီး မနက်ဖြန်မှ လုပ်မယ်ဆိုတဲ့စိတ်ကို ပြောင်းလဲပါ။ သင့်အတွက် မနက်ဖြန်ဆိုတာရှိပေမယ့် ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ မနက်ဖြန်တိုင်း မှာ မနက်ဖြန်ရှိတာမှန်ပါတယ်။ ဒါပေမဲ့ မစောင့်ပါနဲ့။ ဒီနေ့ဆုံးဖြတ်ရင် ဒီနေ့လုပ်လိုက်ပါ။

၂။ ပန်းတိုင်တွေချမှတ်ပါ

၁၀ ပေါင်ချမယ်၊ စာများများကျက်မယ်စတာတွေက ပန်းတိုင်သေးသေးလေးတွေပါ။ ပန်းတိုင်ချမှတ်တဲ့နေရာမှာ ရေရှည်နဲ့ ရေတိုခွဲခြားပေးပါ။ တစ်နှစ်လုံးစာအတွက် ရှင်းလင်းတဲ့ပန်းတိုင်တစ်ခုချမှတ်ရပါမယ်။ ဥပမာ သင့်ပန်းတိုင်က နှစ်ကုန်တဲ့အချိန် ဘွဲ့ရပြီး စာမေးပွဲအောင်ရမယ်ဆိုတာမျိုးပါ။ ဒီလို ရေရှည်အိပ်မက်တစ်ခုချမှတ်ပေးပါ။


၃။ စိတ်ရှည်ပါ

ပညာရပ်တိုင်းက အချိန်ယူရပါတယ်။ ဘယ်အရာမှ ညတွင်းချင်း ဟပ်ချလောင်းဆိုပြီး မပေါ်လာပါဘူး။ ဟပ်ချလောင်းပေါ်ချင်ရင် မီးခွက်စောင့်နတ်တစ်ပါး သင့်အနားရှိမှ ရပါမယ်။ ဒီတော့ သင်လုပ်သမျှ ကြိုးစားသမျှ အရာတွေအတွက် အချိန်ပေးပါ။ စိတ်ရှည်ပေးပါ။


၄။ စိတ်အားထက်သန်မှု

သင့်စိတ်ကို တက်ကြွစေတဲ့ သီချင်းတွေ၊ သင်အားကျရတဲ့လူတွေရှိပါစေ။ သင့်ကို စိတ်အားတက်ကြွစေတဲ့ သီချင်းမျိုးနေ့တိုင်းနားထောင်ပေးပါ။ သင်အားကျရတဲ့ လူတွေဆီက အတုယူပါ။

၅။ စနစ်တကျစီမံပါ

တစ်နေ့တာ သင်လုပ်မယ့် အလုပ်တွေကို စနစ်တကျ အစီအစဉ်ချပေးပါ။ ဒီလိုလုပ်ပေးတာက သင့်ရည်မှန်းချက်တွေကို နေ့တိုငး် သတိရစေသလို စနစ်တကျနေတတ်တဲ့ လူတစ်ယောက်လည်းဖြစ်စေပါတယ်။


၆။ ငြင်းတတ်ပါစေ

ငြင်းတယ်ဆိုတဲ့နေရာမှာ အခြားသူကို ငြင်းတာအပြင် ကိုယ့်ကိုကိုယ်ငြင်းတာလည်းပါပါတယ်။ တီဗီကြည့်မလား လို့ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ No လို့ ငြင်းပြီး ကိုယ့် Plan အတိုင်းဆက်လုပ်ပါ။ သင့်ရဲ့မကောင်းတဲ့အကျင့်တွေကို ငြင်းပယ်တတ်ပါစေ။


၇။ လူသားဆန်ဆန်နေထိုင်ပါ

တစ်ခါတလေ သင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတာတွေရှိပါတယ်။ ကျွန်ုပ်တို့က လူသားတွေပါ။ လွဲချော်တာတွေ၊ ကျရှုံးတာတွေရှိမှာပါပဲ။ အရေးကြီးတာက တစ်နေ့တာမှာ အစီအစဉ်ဘယ်လောက်ပဲ တလွဲဖြစ်သွားပါစေ ပြန်နိုးထပြီး ပြန်စိတ်အားထက်သန်ဖို့ပါ။

Photo Source: Pinterest

By MyStyle Myanmar