မိတ်ကပ်ပြင်ထားရင် ကြာရှည်မခံပဲ ၄ နာရီလောက်ကြာရင် ပျက်သွားတယ်၊ မျက်နှာကြီးမဲညစ်သွားတယ် ဆိုပြီး စိတ်ညစ်နေတဲ့သူတွေအတွက် မိတ်ကပ်ပြင်ထားတာ တစ်နေကုန်ကြာရှည်ခံစေဖို့ လုပ်ပေးရမယ့် အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

မိတ်ကပ်မလိမ်းခင်မှာ Moisturizer လိမ်းပါ

မိတ်ကပ်မလိမ်းခင်မှာ moisturizer လိမ်းပေးခြင်းက အသားအရေကို hydrating ဖြစ်စေပြီး မိတ်ကပ်ရွေ့တာ၊ ကွက်တာမျိုးတွေလည်း မဖြစ်စေပါဘူး။ မိတ်ကပ်ဆွဲလို့ပိုကောင်းပြီး မိတ်ကပ်သားလည်း ပိုလှစေပါတယ်။

Setting Powder သုံးပါ

မိတ်ကပ်သားကြာရှည်ခံချင်ရင် မိတ်ကပ်လိမ်းပြီးတိုင်းမှာ setting powder သုံးပေးပါ။ အဆီပြန်တာတွေ ထိန်းပေးပြီး မိတ်ကပ်သား မရွေ့အောင်၊ မကွက်အောင် control လုပ်ပေးပါတယ်။ အဓိကကတော့ T-zone ကို အဓိကသုံးပေးပါ။

Eye Primer

မိတ်ကပ်သားကြာရှည်ခံဖို့ဆိုရင် primer ခံလိမ်းရတယ်ဆိုတာကို တော်တော်များများလည်း သိမှာပါ။ ဒါပေမယ့် တော်တော်များများက eye primer တော့ သိပ်ပြီးသုံးလေ့မရှိကြပါဘူး။ မိတ်ကပ်ပြင်တဲ့အခါမှာ မျက်လုံးကို eyeshadow ခြယ်ပြီး ပြင်တယ်ဆိုရင် eye primer သုံးပေးပါ။ ဒါမှ ကိုယ်ပြင်ထားတာတွေက ကြာရှည်ခံစေမှာပါ။

Waterproof Mascara

ချွေးထွက်ပြီး mascara ပြန့်တာမျိုးတွေမဖြစ်စေဖို့ waterproof mascara သုံးပေးပါ။ Mascara တွေပြန့်သွားရင် panda eye ဖြစ်သွားပါလိမ့်မယ်။

Eyebrow Mascara

မျက်ခုံးမွှေးဆွဲပြီးရင် eyebrow mascara သုံးပေးခြင်းက မျက်ခုံးပိုလှစေပြီး တစ်ချောင်းချင်းစီ natural ဆန်သလို look မျိုး ရစေပါတယ်။ ဆွဲထားတာကို မပြန့်အောင်လည်း control လုပ်ပေးနိုင်ပါတယ်။

Lip Balm or Lip Mask

နှုတ်ခမ်းနီမဆိုးခင်မှာ lip balm or lip mask သုံးပေးပြီးမှဆိုးပါ။ ဒါမှ နှုတ်ခမ်းသားက moisture ဖြစ်ပြီး နူးညံ့ချောမွေ့နေပြီး ဆိုးထားရင်ပိုလှစေပါတယ်။ နှုတ်ခမ်းအဖတ်လန်တာမျိုးတွေလည်း မဖြစ်တော့ပဲ ဆိုးထားတာ ပိုကြာရှည်ခံစေပါတယ်။

Setting Spray

နောက်ဆုံးမှာတော့ မိတ်ကပ်သားကြွပြီးလှနေစေဖို့၊ မိတ်ကပ်သားမရွေ့ပဲ ပိုကြာရှည်ခံစေဖို့ setting spray ဖြန်းပေးပါ။