အားလုံးပဲမင်္ဂလာပါ။ ကိုယ်မြင်တဲ့အရာနဲ့ ကိုယ်ထင်တဲ့အရာက တစ်ခါတလေလွဲနေတတ်ပါတယ်။ နည်းပညာနဲ့ တီထွင်နိုင်စွမ်းတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘယ်အရာမဆို ဖြစ်အောင် လုပ်လာနိုင်ပါပြီ။ ဒီထဲ ဓာတ်ပုံရိုက်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ဗိုက်ပူတယ်ဆိုရင် ဗိုက်ပူတယ် မထင်ရအောင် App နဲ့ ပြင်နိုင်ပါတယ်။ ကိုယ်နေဟန်ထားကို ပုံစံတစ်မျိုး ပြောင်းလဲနိုင်ပါတယ်။ ခန္ဓာကိုယ်အရပ်အရှည်ကလည်း ဒီလိုပါပဲ။

ဒီတစ်ခေါက်မှာတော့ အရပ်ပုသူလေးတွေအတွက် အရပ်ရှည်တယ်ထင်ရစေမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြပါရစေ။

၁။ ဓာတ်ပုံရိုက်ပေးတဲ့သူကို ကိုယ့် မျက်လုံး Eye Level နဲ့ တစ်တန်းတည်းဖြစ်အောင် နေခိုင်းပါ။

၂။ Camera Angle ကို အပေါ် ထောင်တဲ့အနေအထားနဲ့ ရိုက်ခိုင်းပါ။

၃။ ဒေါက်မြင့်ဖိနစ်ဝတ်ပေးပါ။

၄။ အမြင့်တစ်နေရာမှာ နေတာမျိုး ဒါမှမဟုတ် လှေကားပေါ် ရပ်နေတာမျိုး လုပ်ပေးပါ

၅။ ကိုယ့်အရပ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားကို ဝတ်ပေးပါ။ Oversize Clothes တွေကိုရှောင်ပေးပါ။

၆။ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်တော့မှ မတ်တပ်ရပ်ပြီး မနေပါနဲ့။ ထိုင်ပြီး ပို့စ်ပေးပါ။

၇။ အရပ်ပုတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ပုံလှလှလေးတွေ မရနိုင်ဘူးဆိုတဲ့ အတွေးကို ဖျောက်ပေးပါ။

Source: www.emmasedition.com

By MyStyle Myanmar