ဘယ်သူမှတော့ ကိုယ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ စကားများ ရန်မဖြစ်ချင်ကြပါဘူး။ ပေါင်းတာ ကြာတဲ့သူတွေ၊ တစ်ယောက်စိတ် တစ်ယောက်သိတဲ့ သူငယ်ချင်းတွေတောင် စကားများ ရန်ဖြစ်တတ်ကြပါတယ်။ သက်တူရွယ်တူ၊ ငယ်ရွယ်တဲ့အချိန်တွေ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တစ်ခါတလေ သဘောထားကွဲလွဲနိုင်ပါတယ်။ သင်က သူငယ်ချင်းနဲ့ ရန်ဖြစ်ထားတယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို ပြုလုပ်နိုင်ပါတယ်။

၁။ သင်မှားခဲ့ရင် တောင်းပန်ပါ

Photo Source: FTD

စကားများ ရန်ဖြစ်တာက နှစ်ယောက်လုံး မှားတာ ဖြစ်နိုင်ပါတယ်။ သင့်ဘက်က မှားခဲ့တယ်ဆိုရင် ဒါကို လက်ခံပြီး သူငယ်ချင်းတွေကို ပြန်တောင်းပန်သင့်ပါတယ်။ လူအများစုက တောင်းပန်စကား ဆိုဖို့ကို ဝန်လေးတတ်ကြပါတယ်။ သင်က ဒီထဲ ပါနေတယ်သေးတယ်ဆိုရင် သင်နဲ့ သင့်သူငယ်ချင်းကြားက သံယောဇဉ်က မလေးနက်သေးပါဘူး။

၂။ မစောင့်ပါနဲ့

Photo Source: LiveAbout

သင်က သူငယ်ချင်းနဲ့ စကားပြန်ပြောဖို့ အချိန်စောင့်လေ တစ်ယောက်နဲ့ တစ်ယောက် ပိုစိတ်ဆိုးလေပါပဲ။ သင့်ဘက်ကပဲ စကာ သူငယ်ချင်းကို ဖုန်းခေါ်သင့်ပါတယ်​။ မတ်ဆေ့ မပို့ဘဲ ဖုန်းခေါ်ပြီး ပြန်ပြေလည်အောင် လုပ်သင့်ပါတယ်။

၃။ ပွင့်ပွင့်လင်းလင်းပြောပါ

Photo Source: Life, Hope & Truth

သင် သူ့ကို စိတ်ဆိုးရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ သူက အလုပ်များလွန်းလို့ သင့်ကို အချိန်မပေးနိုင်တဲ့ အရာကို စိတ်ဆိုးရင် ဒါကို ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ သူငယ်ချင်းနဲ့ ရိုးရိုးသားသား တိုင်ပင် ညှိနှိုင်းမှ အချင်းချင်း အဆင်ပြေမှာပါ။

၄။ ကြားခံ အကူအညီ မယူပါနဲ့

သင့်ဘက်က သူ့ကို ပြောချင်တဲ့ စကားတွေကို ကြားခံ တခြားသူငယ်ချင်း တွေနဲ့ ပြောခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ စကားလုံးပြောဆိုပုံတွေက တစ်ဦးနဲ့ တစ်ဦး မတူနိုင်တာမို့ နားလည်မှု လွဲတာမျိုး ဖြစ်တတ်ပါတယ်​။ သင်ကိုယ်တိုင်ပဲ ပြသာနာတက်တဲ့ သူငယ်ချင်းဆီ သွားပြောသင့်ပါတယ်။

၅။ သင်က သူတို့ကို ဂရုစိုက်ကြောင်း သူတို့ သိအောင်ပြောပါ

ပြဿနာ ဖြစ်တဲ့အခါ သူတို့စိတ်ထဲမှာ သင်က ဂရုမစိုက်တော့ဘူးလို့ အထင်မှားတတ်ကြပါတယ်။ သင်က ဒီလို မဖြစ်အောင် သင့်သူငယ်ချင်းတွေကို ခင်ကြောင်း၊ သူတို့နဲ့ အချိန်ကုန်ဆုံးချင်ကြောင်း၊ သူငယ်ချင်းတွေကို တန်ဖိုးထား ဂရုစိုက်ကြောင်း ပြသသင့်ပါတယ်။

၆။ စိတ်ကို မှန်အောင်ထားပါ

သူငယ်ချင်းနဲ့ ပြဿနာ တက်တုန်း သူတို့ ကွယ်ရာမှာ စိတ်ဆိုးတာကြောင့် သူတို့ မကောင်းကြောင်း ပြောတာမျိုး ရှောင်သင့်ပါတယ်။ သူငယ်ချင်းတွေက သင်ပြောတာကို ပြန် ကြားရင် ပြန်အဆင်ပြေဖို့ ခက်သလို နှစ်ဖက်လုံးအတွက်လည်း မကောင်းပါဘူး။

၇။ ကုန်ဆုံးရက်

အဆိုးဆုံးဖြစ်ရပ် အနေနဲ့တော့ သူငယ်ချင်းနဲ့ ခင်မင်ရင်းနှီးမှုဟာ Expire ဖြစ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးဘဝ၊ ဆယ်ကျော်သက်အရွယ်တွေမှာ တတွဲတွဲရှိပေမယ့် အသက်အရွယ် ရလာလို့ ကိုယ့်ဘဝနဲ့ ကိုယ် ဖြစ်သွားတဲ့အခါ လုံးဝ အဆက်အသွယ် ပြတ်သွားတာမျိုး ဖြစ်တတ်တာကြောင့် သင့်အနေနဲ့ လက်လွှတ်တတ်ဖို့လည်း လေ့ကျင့်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar