သင်က တစ်နေ့လုံးစာ မိတ်ကပ်လိမ်းရသူဆိုရင် အမြဲကြည့်ကောင်းနေဖို့ မိတ်ကပ် ပြန်ဖို့ပေးရပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ဘယ်နေရာကို အဓိက မိတ်ကပ်ပြန်သုံးပေးရမလဲ ဝေခွဲရ ခက်တတ်ပါတယ်။ အခုဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ တစ်နေ့တာလုံး အလှဆုံး ဖြစ်နေစေဖို့ မိတ်ကပ်ကို Touch Up လုပ်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ အဆီစုပ်စက္ကူ

သင်က မိတ်ကပ် ပြန်မလိမ်းခင် အဆီစုပ်စက္ကူကို အရင်သုံးပေးသင့်ပါတယ်။ ဒီစက္ကူတွေက မျက်နှာပေါ်က အဆီ၊ ချွေးစတာတွေကို စုပ်ယူပေးနိုင်ပါတယ်။ သင်က မျက်နှာအဆီကို အရင်မဖယ်ရင် မိတ်ကပ်လိမ်းတာက အလကားပါပဲ။

၂။ ပါးနီဆိုးပါ

ပါးနီက ခဏလေးနဲ့ ပြယ်သွားတတ်ပါတယ်။ ပါးနီတွေထဲကမှ Cream Blusher က အသင့်တော်ဆုံးပါ။ အရောင်တွေကို မျက်နှာထက် တင်လိုက်တဲ့အခါ ပို Refresh ဖြစ်သွားစေပါတယ်။

၃။ ပျံ့သွားတဲ့ Concealer ကို သေချာ Blend လုပ်ပါ

မိတ်ကပ်က ကြာလာရင် လိမ်းထားတဲ့ Concealer တွေက ပျံ့လာတတ်ပါတယ်။ ဒါကြောင့် မိတ်ကပ် ပြန်လိမ်းတဲ့အချိန် လုပ်ပေးသင့်တဲ့ အရာက ပျံ့သွားတဲ့ Concealer ကို သေချာ Blend ပေးတာပါ။

၄။ ပေါင်ဒါနဲ့ Touch Up လုပ်ပါ

ပေါင်ဒါမှုန့်က မျက်နှာမိတ်ကပ်ကို နေရာချပေးကာ မိတ်ကပ်ကို ညီညာစေပါတယ်။ ပေါင်ဒါမှုန့်က မိတ်ကပ် ပြန်လိမ်းတဲ့အခါ လိုအပ်တဲ့ ပစ္စည်းပါ။

၅။ Eyeshadow လိမ်းပါ

သင့်မျက်လုံးပေါ်က Eyeshadow ကိုလည်း မိတ်ကပ် Touch Up လုပ်တဲ့အချိန် ထပ်ခြယ်ပေးသင့်ပါတယ်။

၆။ Mascara အစား

Mascara ကိုပဲ မျက်လုံးမှာ ထပ်ခြယ်လိုက်တဲ့အခါ သဘာဝ မကျစေတော့ပါဘူး။ Mascara ထပ်ခြယ်မယ့်အစား Eyeliner ကိုပဲ ဦးစားပေးသင့်ပါတယ်။

၇။ နှုတ်ခမ်းနီ

မိတ်ကပ် Touch Up လုပ်တာမှာ အရေးအကြီးဆုံး အဆင့်ကတော့ နှုတ်ခမ်းနီဆိုးတာပါ။ စားတာ သောက်တာ ပြီးသွားတဲ့အချိန် နှုတ်ခမ်းနီ ပျက်နိုင်တာမို့ ဒီအဆင့်က အရေးအကြီးဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar