သင်က မိတ်ကပ် ဘရပ်ရှ် နဲ့ ပတ်သက်ပြီး အထိရောက်ဆုံး ဖြစ်အောင် အသုံးချချင်သူ တစ်ဦးဆိုရင် နေရာမှန်ကို ရောက်လာပါပြီ။ သင်က မိတ်ကပ် ဘရပ်ရှ်တွေကို သေချာ ထိန်းသိမ်းကာ သုံးတတ်မယ်ဆိုရင် အချိန်အကြာကြီး သုံးနိုင်ပါတယ်။ ဒီထဲမှာတော့ ဘရပ်ရှ်တွေကို အကျိုးရှိရှိ အသုံးချနည်းနဲ့ ထိန်းသိမ်းနည်းတွေကို ကျယ်ကျယ်ပြန်ပြန့် ဖော်ပြထားပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ရည်ရွယ်ချက် အတိအကျ ထားကာ အသုံးပြုပါ

ဘရပ်ရှ်တွေကို အကျိုးအပြုဆုံး နည်းလမ်းကတော့ ရည်ရွယ်ချက် ကိုယ်စီအလိုက် အသုံးပြုတာပါ။ ဥပမာ- ပါးနီခြယ်ဖို့ ဘရပ်ရှ် ဆိုရင် ပါးနီအတွက်ပဲ သုံးတာ၊ Contour လုပ်မယ့် ဘရပ်ရှ် ကို Contour အတွက်ပဲ သုံးတာတွေ ဖြစ်ပါတယ်။

၂။ သေချာ သိမ်းဆည်းပေးပါ

ဝယ်တုန်းက ပါလာတဲ့ အိတ်မှာပဲ ထည့်ပေးတာကို လုပ်သင့်ပါတယ်။ ဒီလို သေချာ သိမ်းမယ်ဆိုရင် သင့်မိတ်ကပ် ဘရပ်ရှ် ပွတ်တိုက်မိပြိး ပျက်စီးတာ၊ ဖုန်ကပ်တာတွေ မဖြစ်နိုင်တော့ပါဘူး။

၃။ သုံးတတ်အောင် သင်ယူပါ

အရာရာ ရှာရလွယ်ကူတဲ့ ခေတ်ကြီးမှာ သင့်အနေနဲ့ မိတ်ကပ် ဘရပ်ရှ်တွေကို ဘယ်လိုသုံးရမလဲ နည်းလမ်းတွေကို ရှာဖွေနိုင်ပါတယ်။ ဘရပ်ရှ်သုံးနည်း ဗီဒီယိုတွေကို ကြည့်ပြီး နည်းနည်းလေး ပြုပြင်လိုက်တာနဲ့ သင်အရင်ထက် မိတ်ကပ် ဘရပ်ရှ်တွေကို သုံးတတ်လာပါလိမ့်မယ်။

၄။ အရည်အသွေးကောင်းတဲ့ ဘရပ်ရှ်တွေကို ရှာဝယ်ပါ

ဈေးအများကြီး ကြီးစရာ မလိုပါဘူး။ ဒါပေမဲ့ အရည်အသွေးမကောင်းတဲ့ ဘရပ်ရှ်တွေကို ဝယ်မိမယ်ဆိုရင်တော့ ဘယ်အတွက် သုံးရမလဲ မသဲမကွဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရည်အသွေး သူ့ Brand နဲ့ သူ ရှိတဲ့ ဘရပ်ရှ်တွေကို ရွေးချယ်သင့်ပါတယ်။

၅။ ညင်သာမှု ရှိပါ

ဘရပ်ရှ်တွေကို သုံးတဲ့အခါ အတင်း ဖိလိမ်းစရာ မလိုပါဘူး။ သင့်မျက်နှာပေါ် ညင်ညင်သာသာလေး သုံးပေးရုံနဲ့ သဘာဝဆန်ပြီး လှတဲ့ မိတ်ကပ် Look ကို ပိုင်ဆိုင်ပါလိမ့်မယ်။

၆။ မလိုတာကို မဝယ်ပါနဲ့

သင့်ရည်ရွယ်ချက်၊ သင့်မိတ်ကပ် စတိုင်အလိုက် လိုအပ်တဲ့ ဘရပ်ရှ်တွေကိုပဲ ဝယ်သင့်ပါတယ်။ မဟုတ်ရင် မလိုတဲ့ ဘရပ်ရှ်တွေနဲ့ သင့်မိတ်ကပ်အိတ်က ပြည့်နေပါလိမ့်မယ်။ လိုတာပဲ ပိုင်ဆ်ိုင်ရင် မွှေနှောက်ရှာနေစရာ မလိုတော့ပါဘူး။

၇။ မိတ်ကပ်ဘရပ်ရှ်တွေကို ပုံမှန်ဆေးပေးပါ

မိတ်ကပ် ဘရပ်ရှ်တွေက သုံးတာကြာလာပြီဆိုရင် မိတ်ကပ်နဲ့ Cosmetics တွေ ဘရပ်ရှ်ပေါ် ကပ်ကာ ပိုးမွှားပေါက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ဘရပ်ရှ်တွေကို ရှန်ပူ ခပ်ပျော့ပျော့နဲ့ ရေနွေးနဲ့ ရောထားတဲ့ အရည်ထဲ ဆေးကြောနိုင်ပါတယ်။

Photo Source: Pinterest
By MyStyle Myanmar