Relationship တစ်ခုမှာ ဘယ်လောက်ပဲချစ်နေပါစေ လုံးဝသည်းမခံသင့်တဲ့အရာတွေတော့ ရှိပါတယ်။ ဒီအရာတွေကို သည်းခံပြီး ဆက်တွဲနေရင်၊ ဘာမှမပြောပဲထားရင် ကိုယ်ပဲထိခိုက်နာကျင်ရမှာပါ။

တခြားတစ်ယောက်နဲ့ flirt နေခြင်း

ကိုယ့်ရည်းစားက တခြားတစ်ယောက်နဲ့ flirt နေတာကို လုံးဝသည်းခံနေစရာအကြောင်း မရှိပါဘူး။ ဘယ်လောက်ပဲချစ်နေပါစေ ဒါက ဖောက်ပြန်တာပါပဲ။ ဒီလိုသစ္စာမရှိတာ၊ ဖောက်ပြန်တာကိုပါ သည်းခံပြီး ခွင်လွှတ်ပေးနေမယ်ဆိုရင်တော့ ကိုယ်ပဲထိခိုက်နာကျင်ရမှာပါ။ ဘာမှမပြောပဲထားရင် လုပ်ရက်တဲ့သူကတော့ နောက်လည်း ဆက်လုပ်နေမှာပါပဲ။

သင့်ထက်သူငယ်ချင်းတွေကိုအချိန်ပိုပေးခြင်း

အပေါင်းအသင်းဘယ်လောက်ပဲမက်နေပါစေ ကိုယ့်ထက် သူငယ်ချင်းတွေကို အချိန်ပိုပေးပြီး သူငယ်ချင်း အပေါင်းအသင်းနဲ့ပဲ အချိန်တွေကုန်ဆုံးနေတာကို သည်းခံနေမယ်ဆိုရင် ဒီထက်ပိုဆိုးလာမှာပါ။ သင့်အပေါ်ဂရုမစိုက်တာ၊ အလေးမထားတာတွေက ပိုဆိုးလာမှာပါ။ သာယာပြီးပျော်ရွှင်ရတဲ့ relationship ကိုလည်း ရရှိနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ပဲပိုစိတ်ဆင်းရဲပြီး ဝမ်းနည်းနေရမှာပါ။

သင့်အပေါ်မှာ respect လုံးဝမရှိခြင်း

ဘယ်လောက်ပဲ ကိုယ့်ထက်ငယ်တဲ့သူဖြစ်နေပါစေ၊ ကြီးတဲ့သူဖြစ်နေပါစေ relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် respect ရှိဖို့လိုပါတယ်။ ပြောချင်ရာပြော၊ လုပ်ချင်တာလုပ်ပြီး စည်းမရှိတဲ့ respect မရှိတဲ့သူကို သည်းခံနေရင် ကိုယ်ပဲပိုပြီးခံနေရမှာပါ။

သင့်အပေါ်ရိုးစိုင်းစွာဆက်ဆံခြင်း

ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာဆက်ဆံနေတာကို သည်းခံနေရင် ပိုပြီးစော်ကားခံနေရမှာပါ။ ကိုယ့်အပေါ် ဆဲဆိုပြီး မပြောသင့်တာတွေလည်း အမြဲပြောဆိုနေတာမျိုး၊ ရန်ဖြစ်ကားများရင် စိတ်တိုဒေါသထွက်တိုင်း လက်ပါနေတာမျိုးတွေကို လုံးဝသည်းမခံသင့်ပါဘူး။

အရှက်ရအောင်လုပ်ခြင်း

ကိုယ့်ရည်းစားကို လူကြားထဲမှာလည်း အရှက်ရအောင်လုပ်တတ်ကြတဲ့သူတွေ ရှိပါတယ်။ ချစ်လို့၊ သဝန်တိုလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လူကြားထဲလည်းမရှောင် ပြောဆိုတာ၊ အရှက်ရအောင်လုပ်တာ၊ မျက်နှာပျက်ရအောင်လုပ်တာတွေက ခဏခဏဖြစ်လာပြီဆိုရင် သည်းမခံသင့်တော့ပါဘူး။

အမြဲတမ်းလိမ်ညာနေခြင်း

တစ်ခါနှစ်ခါလည်းမဟုတ်ပဲ အမြဲတမ်းကို လိမ်ညာနေတာ၊ ကတိတွေပေးပြီးရင်လည်း မတည်တာ၊ တစ်ခုခုဆို အမှန်တိုင်းမပြောပဲ လိမ်တာ၊ ကိုယ့်ကိုလိမ်ပြီးလုပ်တာ၊ သွားလာတာတွေကို သည်းခံနေတာမျိုးက မဖြစ်သင့်ပါဘူး။ တစ်ခါတစ်လေပဲကောင်းပါတယ်။ အမြဲတမ်းဖြစ်နေတာမျိုးဆိုရင်တော့ ကိုယ်ပဲစိတ်ညစ်နေရမှာပါ။

သင်ပြောသမျှကိုနားမထောင်ပေးခြင်း

ကိုယ်ပြောသမျှတွေ၊ အလေးအနက်ထားပြီး ပြောနေတာတွေကို ဂရုမစိုက်သလိုလုပ်နေတာတွေ၊ နားမထောင်ပေးတာတွေက ကြာလာရင် ပြောရတဲ့သူပဲ အရူးဖြစ်ပါတယ်။ ကိုယ့်အပေါ် တကယ်ချစ်တဲ့သူက ဒီလိုမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။