တစ်ခါတစ်လေကျရင် မိုးလင်းလို့ အိပ်ယာနိုးတာနဲ့ ဘာကြောင့်မှန်းမသိ နေရတာလန်းဆန်းမှုမရှိပဲ ထိုင်းမှိုင်းနေတတ်ပါတယ်။ အဲ့လိုဖြစ်ရင် တစ်နေကုန် စိတ်မကြည်တော့ပါဘူး။ ဒါကြောင့် နေရတာလန်းဆန်းမှုမရှိပဲ ထိုင်းမှိုင်းနေတဲ့အခါမှာ လုပ်ကြည့်သင့်တဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

Lemon Juice သောက်ပါ

မိုးလင်းအိပ်ယာနိုးတာနဲ့ ကော်ဖီ၊ လက်ဖက်ရည်မသောက်ပဲ Lemon Juice သောက်ပါ။ ပိုပြီး Fresh ဖြစ်စေပါတယ်။ နေ့လည်ဘက်တွေ ထိုင်မှိုင်းပြီး မလန်းဆန်းတဲ့အခါမှာလည်း Lemon Juice အေးအေးလေး ဖျော်သောက်ကြည့်လိုက်ပါ။

ရေချိုးပါ

အိမ်မှာရှိနေတဲ့အချိန်ဆိုရင် ရေချိုးပစ်လိုက်ပါ။ ရေသေချာစိမ်ပြီးချိုးရင် ပိုတောင်ကောင်းပါတယ်။ Shower Gel ကို အနံ့ကောင်းတာလေး ရွေးသုံးပါ။

သီချင်းနားထောင်ပါ

ကိုယ်ကြိုက်တဲ့သီချင်းတွေ၊ မြူးတဲ့သီချင်းတွေနားထောင်လိုက်တာမျိုး၊ ကခုန်လိုက်တာမျိုး လုပ်ပေးရင်လည်း ပြန်ပြီး Active ဖြစ်လာပါလိမ့်မယ်။

ကြိုက်တဲ့အရာတွေစားပါ

အစားတစ်လိုင်းတွေအတွက်တော့ စားနေရရင် စိတ်ချမ်းသာပြီး ပျော်နေတာပါပဲ။ ဒီတော့ ဘာမှမလုပ်ချင်ဘူး နေရတာလည်း ထိုင်းမှိုင်းနေတယ်၊ မလန်းဆန်းဘူးဆိုရင် ကိုယ်ကြိုက်တဲ့အရာတွေသာ စားနေလိုက်ပါ။

တရားထိုင်ပါ

အကောင်းဆုံးကတော့ လေကောင်းလေသန့်ရပြီး တိတ်ဆိတ်တဲ့နေရာမှာ တရားထိုင်ပါ။ စိတ်ထိုင်းမှိုင်းပြီး မလန်းမဆန်းဖြစ်နေတာတွေ အကုန်ပြေပျောက်ပြီး စိတ်တည်ငြိမ် အေးချမ်းလာမယ်၊ ပြန်ပြီးနေလို့ကောင်းလာပါမယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

တရားထိုင်လို့မရတဲ့ အခြေအနေဆိုရင် အသက်ရှူလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ မျက်စိမှိတ်ပြီး အသက်ကို ရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်း ပြန်ထုတ်လိုက်နဲ့ ၁ ကနေ ၁၀ အထိ စိတ်ထဲကရေတွက်ပြီး လုပ်ကြည့်ပါ။

ရေကူးပါ

ရေကူးတတ်တဲ့သူဆိုရင် အားနေရင် ရေကူးကြည့်ပါ။ စိတ်ထိုင်းမှိုင်းနေတာတွေ၊ မလန်းဆန်းပဲ ညစ်နေတာတွေ အားလုံးပြေပျောက်ပြီး Fresh ဖြစ်သွားပါလိမ့်မယ်။