မိန်းကလေးတွေအနေနဲ့ အလှအပရေးရာအတွက်သာမကပဲ ကျန်းမာရေးနဲ့ အခြားအရာတွေအတွက် နေ့စဉ်ပြုလုပ်ပေးရမှာတွေ ရှိပါတယ်။ အပျင်းကြီးတဲ့တချို့မိန်းကလေးတွေကျတော့ နေ့စဉ်ပြုလုပ်ပေးရမယ့်အရာတွေထဲက တချို့အရာတွေကို မလုပ်ပဲထားတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ နေ့တိုင်းအချိန်ပေးပြီး ပြုလုပ်သင့်တဲ့အရာ (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ရေသောက်ပါ။

Source: www.india.com

မိုးလင်းလို့ အိပ်ယာနိုးတဲ့အချိန်ကနေစပြီး ညအိပ်ယာဝင်တဲ့အချိန်ထိ ရေကိုသောက်ပေးရပါတယ်။ ရေကိုများများသောက်ပေးလေ ကျန်းမာပြီး အသားအရေလှလေပါပဲ။

တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ။

Source: www.healthloco.com

မျက်နှာကို တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ဆေးနဲ့ သေချာသစ်ပေးပါ။ တစ်ခါတစ်လေကျရင် ညအိမ်ပြန်ရောက်တာနောက်ကျလို့၊ အိပ်ချင်လို့ဆိုပြီး မျက်နှာမသစ်ပဲ ဒီတိုင်းထားလိုက်တာတွေရှိပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ရဲ့မျက်နှာအသားအရေကို အရမ်းထိခိုက်ပျက်စီးစေပါတယ်။

တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။

Source: www.wholesomehealthtips.com

ပိုးမွှားကင်းစင်ဖို့နဲ့ ကျန်းမာတဲ့သွားတွေကို ပိုင်ဆိုင်စေဖို့ သွားကို တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးရပါမယ်။ တချို့တွေက တစ်နေ့တစ်ကြိမ်ပဲတိုက်တာတွေ ရှိပါတယ်။ ဒီလိုတစ်နေ့တစ်ကြိမ်ပဲတိုက်မယ်ဆိုရင်တော့ ခံတွင်းနံ့နံတာတွေနဲ့ သွားကိုက်၊ သွားနာ၊ သွားဝါတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ကျန်းမာတဲ့အစားအသောက်တွေစားပါ။

Source: www.healthyactivelifestyle.com

ကိုယ့်ရဲ့တစ်နေ့တာမှာ ကျန်းမာတဲ့အစားအသောက်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါမှလည်း ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်စေမှာပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

Source: www.today.com

ကျန်းမာစေဖို့အတွက် တစ်နေ့တစ်ကြိမ်တော့ ပုံမှန်လေး Work Out လုပ်သင့်ပါတယ်။ အဆီကျချင်တဲ့သူတွေဆိုရင် ပိုတောင်လုပ်ပေးသင့်ပါတယ်။ ပိန်တဲ့သူတွေအနေနဲ့ကလည်း အမောခံနိုင်ဖို့၊ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လုပ်ပေးရပါတယ်။

Skincare လုပ်ပါ။

Source: www.popsugar.co.uk

မိန်းကလေးတွေအရမ်းကြောက်တဲ့ ဝက်ခြံတွေထွက်မလာအောင် Skincare နေ့တိုင်းလုပ်ပေးပါ။ ဝက်ခြံထွက်မှလုပ်တာထက် မထွက်ခင်ထဲက ကြိုတင်ကာကွယ်တာ ပိုထိရောက်ပါတယ်။

စာဖတ်ပါ။

Source: www.pexels.com

ဖုန်းနဲ့ပဲတစ်နေ့တာကို မကုန်ဆုံးပါနဲ့။ အကျိုးရှိစေမယ့် စာအုပ်တွေဖတ်ပြီး ဗဟုသုတရမယ့်စာတွေကို ရှာဖွေလေ့လာပါ။