ဆံပင်အဖျားနှစ်ခွဖြစ်ရင် ဆံသားပျက်စီးပြီး အဖျားရှူးတာတွေ ဖြစ်လာစေပါတယ်။ ဆံသားခြောက်သွေ့ပြီး ဖွာနေရင်တော့ လုံးဝကြည့်လို့မလှပဲ ဆံပင်ကျွတ်တာတွေလည်း ဖြစ်လာမှာပါ။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာနဲ့ ဆံသားခြောက်သွေ့ပြီး ဖွာတာတွေမဖြစ်အောင် ဆင်ခြင်သင့်တဲ့အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။
ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့
ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကျွတ်ပြီး ဆံသားခြောက်စေပါတယ်။ ဆံသားခြောက်ရင် ဖွာတာ၊ ရှုပ်တာ၊ ငြိတာတွေ ဖြစ်လာစေပါတယ်။
Conditioner သုံးရင် ဦးရေပြားကိုမထိပါနဲ့
Conditioner သုံးရင် ဆံသားတစ်ဝက်လောက်ကနေ စသုံးပါ။ ဦးရေပြားကိုမထိပါစေနဲ့။ Conditioner ကို ဦးရေပြားအထိသုံးရင် မွေးညင်းပေါက်တွေပိတ်ပြီး ဆံပင်ကျွတ်တာ၊ ဦးရေပြားခြောက်ပြီးယားတာ၊ ဗောက်ထတာတွေ ဖြစ်လာပါလိမ့်မယ်။
ခဏခဏခေါင်းမလျှော်ပါနဲ့
တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက် လျှော်တာက လုံလောက်ပါတယ်။ အဲ့ထက်ပိုပြီး ခဏခဏခေါင်းလျှော်ရင်တော့ ဆံသားအတွက်ရှိသင့်တဲ့ moisture တွေဆုံးရှုံးပြီး ဆံသားခြောက်သွေ့တာ၊ ဆံပင်ဖွာတာ၊ ပျက်စီးတာတွေ ဖြစ်လာပါလိမ့်မယ်။
Dryer ကိုအနီးကပ်မမှုတ်ပါနဲ့
Dryer မှုတ်တဲ့အခါမှာ ဆံပင်အနားကိုကပ်ပြီး၊ ဦးရေပြားအနားကပ်ပြီး မမှုတ်ပါနဲ့။ ဆံသားခြောက်သွေ့ပြီး ဖွာတာ၊ ဆံသားပျက်စီးတာတွေ ဖြစ်စေပါတယ်။
ဆံပင်ကိုတင်းကြပ်နေအောင်မစည်းထားပါနဲ့
တစ်ခါတစ်လေ ခဏစည်းတာမျိုးက ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အမြဲတမ်းဆံပင်ကို တင်းကြပ်နေအောင် စည်းထားမယ်ဆိုရင်တော့ ဆံသားနဲ့ဦးရေပြားနာပြီး ဆံပင်ကျွတ်တာ၊ ဆံသားကျိုးကြေတာတွေ ဖြစ်လာမှာပါ။
ခေါင်းလျှော်ပြီးရင်ရေမသုတ်ပဲမထားပါနဲ့
ခေါင်းလျှော်ပြီးရင် ရေမသုတ်ပဲထားတာတွေ၊ towel နဲ့အုပ်ပြီး ဒီတိုင်းထားတာတွေက ကျန်းမာရေးထိခိုက်စေသလို ဆံသားလည်းပျက်စီးစေပါတယ်။
ဆံပင်အဖျားတွေညှပ်ထုတ်ဖို့မနှမြောပါနဲ့
ဆံပင်ညှပ်ရမှာကိုနှမြောနေရင် ပျက်စီးတာတွေကပိုဆိုးလာမှာပါ။ ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးမယ်ဆိုရင်တော့ ဆံပင်နှစ်ခွဖြစ်တာတွေ၊ ပျက်စီးနေတာတွေ မရှိတော့ပဲ ဆံပင်လည်းအရှည်မြန်လာပြီး ဆံသားကျန်းမာစေမှာပါ။