မျက်လုံးအောက်နားတစ်ဝိုက်က အသားအရေက အရမ်းအရေးကြီးပါတယ်။ အရေးအကြောင်းတွေ စဖြစ်စေတဲ့နေရာ ဖြစ်တဲ့အတွက် သေချာဂရုမစိုက်ရင် အိုမင်းရင့်ရော်ခြင်းတွေ အမြန်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မျက်လုံးအောက်နားတစ်ဝိုက်က အသားအရေ ပိုကောင်းလာစေဖို့ ဂရုစိုက်ပေးရမယ့် အရာ ၇ ကို ပြောပြပေးလိုက်ပါတယ်။

Eye Cream သေချာလိမ်းပါ

အသက်ငယ်ရွယ်တုန်းမှာ Skincare မလိမ်းဖြစ်ရင်တောင်မှ eye cream ကိုတော့ သေချာလိမ်းပေးရပါမယ်။ Eye cream က အသက်ပါပဲ။ Skincare ဝယ်တဲ့အခါမှာလည်း တခြားအရာတွေထက် eye cream ကို ဝယ်ဖို့ မနှမြောပါနဲ့။ တကယ်ကောင်းပြီး ထိရောက်တာမျိုးကိုပဲ ရွေးသုံးပေးပါ။

Eye Cream လိမ်းနည်းမှန်အောင်လိမ်းပါ

Eye cream လိမ်းတာက လိမ်းနည်းမှားနေရင် အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် eye cream လိမ်းနည်း ရှိပါတယ်။ ပုံမှာပြထားတဲ့မြှားအတိုင်း သေချာလိမ်းပေးပါ။

Sunscreen လိမ်းပါ

Sunscreen မလိမ်းရင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာမယ်၊ အသားအရေပျက်စီးလာမယ်၊ မျက်လုံးအောက်နားတစ်ဝိုက် အသားအရေမှာ အညိုရောင်အစက်တွေ၊ အမဲစက်၊ တင်းတိတ်တွေ ထွက်လာပါမယ်။ ဒါကြောင့် sunscreen ကို မျက်နှာတစ်ပြင်လုံး သေချာလိမ်းဖို့လည်း မမေ့ပါနဲ့။

နေကာမျက်မှန်တပ်ပါ

နေပူထဲသွားမယ်ဆိုရင် နေကာမျက်မှန်တပ်ပါ။ နေရောင်ခြည်ဒဏ်က မျက်လုံးနားတစ်ဝိုက် အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ မျက်ကွင်းညိုစေပါတယ်။ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။

Eye Remover သုံးဖို့မမေ့ပါနဲ့

Eyeliner, mascara, eyeshadow, မျက်ကွင်းညိုတာတွေကိုဖုံးထားတဲ့ concealer စတာတွေကို ပြောင်အောင်ဖျက်ဖို့အတွက် eye remover သုံးပေးပါ။ မျက်လုံးမှာ လိမ်းခြယ်ထားတာတွေကို သေချာပြောင်အောင်မဖျက်ရင် အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပြီး မျက်ကွင်းတွေညိုလာပါမယ်။

အိပ်ချိန်မှန်မှန်ထားပါ

အိပ်ချိန်မမှန်ရင် မျက်ကွင်းညိုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးအောက်နားမှာ အရေးအကြောင်းလေးတွေ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ညဘက် အရမ်းနောက်ကျမှ မအိပ်ပါနဲ့။ စောစောအိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။

Screen Time လျှော့ပါ

Screen time များရင်လည်း မျက်ကွင်းညိုပါတယ်။ အခုခေတ်လူငယ်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်ကွင်းတွေညိုပြီး မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာတယ်ဆိုတာက အိပ်ချိန်မမှန်တာတွေနဲ့ screen time များတာ၊ ဖုန်းအသုံးများတာတွေကြောင့်ပါ။ ဒါကြောင့် screen time လည်း လျှော့ဖို့လိုပါတယ်။