အသားအရေ သိသိသာသာ ကောင်းလာစေဖို့အတွက်ဆိုရင် Toner, Moisturizer လောက်ပဲ လိမ်းနေလို့မရပါဘူး။ ဒီအရာ ၇ ခုကို အမြဲလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှာလည်း အသားအရေက သိသိသာသာ ကောင်းလာမှာပါ။

ရေများများသောက်ပါ

ရေများများသောက်ပေးမှ အသားအရေစိုပြည်ပြီး ကြည်လာမှာပါ။ ရေသောက်နည်းရင် အသားညစ်ပြီး အသားခြောက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

အိပ်ရေးဝအောင်အိပ်ပါ၊ အိပ်ချိန်မှန်ပါ

အိပ်ချိန်လုံလောက်မှုမရှိတာ၊ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေ ဖြစ်နေမယ်ဆိုရင်တော့ Breakouts တွေထွက်ပြီး အသားအရေညစ်နွမ်းလာမယ်၊ အရေးအကြောင်းတွေ ပေါ်လာပါမယ်။ ဒါကြောင့် အသားအရေကောင်းဖို့ဆို အိပ်ရေးဝဝအိပ်ဖို့၊ အိပ်ချိန်မှန်ဖို့ လိုပါတယ်။

Moisturizing သေချာလုပ်ပါ

အသားအရေပိုကောင်းလာချင်တယ်ဆိုရင်တော့ Toner နဲ့ Moisturizer သေချာလိမ်းတဲ့အပြင် ညဘက်ဆို Serum တစ်ခုခုလည်း လိမ်းပေးပါ။

Sunscreen လိမ်းပါ

Sunscreen လိမ်းပေးရင် အသားအရေထိခိုက်ပျက်စီးမှု နည်းပါမယ်။ Sunscreen မလိမ်းရင်တော့ အသားအရေပျက်စီးပြီး မွဲညစ်လာမယ်၊ အရေးအကြောင်းတွေ၊ အမဲစက်တွေ၊ တင်းတိတ်တွေ ပေါ်လာပါမယ်။

Exfoliate လုပ်ပါ

တစ်ပတ်တစ်ခါ Exfoliate ပုံမှန်လုပ်ပေးပါ။ ဒါမှ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး Skincare တွေကိုလည်း သေချာစုပ်ယူနိုင်မှာပါ။ အသားအရေလည်းကြည်ပြီး Brightening ဖြစ်လာမှာပါ။

Sheet Mask ကပ်ပါ

အသားအရေ သိသိသာသာကောင်းချင်ရင် တစ်ပတ်ကို ၃ ရက်လောက်တော့ Sheet Mask ကပ်ပေးပါ။ ရေဓာတ်ပြည့်ဝပြီး အသားအရေ ကြည်လာပါလိမ့်မယ်။

Cleansing သေချာလုပ်ပါ

Skincare တွေအစုံလိမ်းနေလည်း Cleansing သေချာမလုပ်ရင် ဘာမှမထူးပါဘူး။ Breakouts တွေထွက်လာပါလိမ့်မယ်။ ဒါကြောင့် Cleansing သေချာလုပ်ပါ။