ကျန်းမာသောအိပ်စက်ခြင်းနဲ့ အိပ်ဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ အိပ်ချိန်မမှန်တာတွေ များလာရင် ကျန်းမာရေးနဲ့ အလှအပရေးရာတွေ၊ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာနိုင်တာကြောင့် အိပ်စက်ခြင်းက အရမ်းကိုအရေးကြီးပါတယ်။ ဒီလို ကျန်းမာသောအိပ်စက်ခြင်းအတွက် သိထားဖို့လိုတဲ့အချက် ၇ ချက်ကိုလည်း ပြောပြပေးလိုက်ပါတယ်။

Schedule

အိပ်စက်ချိန်အတွက် Schedule နဲ့ သေချာသတ်မှတ်ထားရင်တော့ အကောင်းဆုံးပါပဲ။ အိပ်မယ့်အချိန်၊ ထမယ့်အချိန်ကို သတ်မှတ်ပြီး လုပ်ပေးသွားရင် အကျင့်ဖြစ်သွားပါလိမ့်မယ်။

အိပ်ယာကို Relax ဖြစ်အောင်ထားပါ

အိပ်တဲ့အခါ Relax ဖြစ်စေဖို့အတွက် အိပ်ယာကို Relax ဖြစ်အောင် ထားရပါမယ်။ အိပ်ယာက သန့်ရှင်းနေရမယ်၊ အနံ့အသက်ကောင်းနေရမယ်၊ အိပ်ရတာ သက်တောင့်သက်သာ ဖြစ်နေရပါမယ်။

Electronic ပစ္စည်းတွေကိုပိတ်ပါ

အိပ်ခါနီးမှာ Electronic ပစ္စည်းတွေကိုပိတ်ပါ။ ဆက်သုံးနေရင် မျက်စိကြောင်ပြီး အိပ်လို့ရတော့မှာ မဟုတ်ပါဘူး။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပေးတာက ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

Caffeine ဓာတ်ကိုသတ်မှတ်ထားပါ

ကိုယ့်ရဲ့တစ်နေ့တာမှာ Caffeine ဓာတ်တွေများနေရင်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ တော်ရုံနဲ့အိပ်မပျော်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် Caffeine ဓာတ်ကို တစ်နေ့ဘယ်လောက်ပဲ သောက်မယ်ဆိုပြီး သတ်မှတ်ထားပါ။

ပင်ပန်းရင်အိပ်ပါ

ပင်ပန်းနေရင် တခြားဘာမှမလုပ်ပါနဲ့၊ ဘာမှစဉ်းစားမနေပါနဲ့။ အိပ်လိုက်ပါ။ ဒါက အကောင်းဆုံးပါပဲ။ အိပ်ရေးဝပြီး အားရှိမယ်၊ ပင်ပန်းမှုတွေပြေပျောက်ပါမယ်။

မအိပ်ခင် Stress ပြေအောင်အရင်လုပ်ပါ

Stress တွေရှိနေရင် အိပ်မပျော်ဖြစ်စေတဲ့အတွက် Stress တွေရှိတဲ့အခါ မအိပ်ခင်မှာ Stress ပြေအောင် အရင်လုပ်ပေးပါ။ တရားထိုင်တာပဲဖြစ်ဖြစ် လုပ်ပြီးတော့မှ အိပ်ပေးပါ။ ဒါဆိုရင် ပိုပြီးတော့လည်း ကောင်းမွန်စွာနဲ့ အိပ်ပျော်စေပါတယ်။