ကိုယ့်အနေနဲ့ သူများထက်ပိုပြီးတော့ တိုးတက်အောင်မြင်ချင်တယ်ဆိုရင် သာမန်အတိုင်း နေလို့တော့ မရပါဘူး။ သူများထက်ပိုကြိုးစားရပါမယ်။ လုံးလဝရိယရှိရပါမယ်။ ဒီအရာ ၇ ခုကို လုပ်ဆောင်ရင်တော့ ပိုပြီးကောင်းပါတယ်။
ပိုကြိုးစားပါ
သူများထက်ပိုပြီး တိုးတက်အောင်မြင်ဖို့ သူများထက်ပိုပြီး ကြိုးစားရပါမယ်။ အနောက်ကနေ ထောက်ပံ့ပေးမယ့်သူ မရှိတဲ့သူတွေဆိုရင် ပိုပြီးကြိုးစားရမယ်၊ ပိုပြီးလည်း ပင်ပန်းပါမယ်။ ဒါပေမယ့် ကိုယ်ကြိုးစားလေ ရရှိလာမယ့် အောင်မြင်မှုက ပိုကောင်းလေဖြစ်လာမှာမို့ ပင်ပန်းရကြိုးနပ်ပါလိမ့်မယ်။
လုံးဝမပျင်းပါနဲ့
ပျင်းရိနေရင်တော့ တိုးတက်အောင်မြင်လာမှာ မဟုတ်ပါဘူး။ သူများထက် ပိုပြီးတိုးတက်ချင်ရင် သူများထက် နှစ်ဆကြိုးစားရမှာပါ။ ပျင်းရိနေလို့မရပါဘူး။ အချိန်သတ်မှတ်ပြီး အလုပ်လုပ်ပါ။ အိပ်ချိန်၊ ထချိန်ကအစ သေချာသတ်မှတ်ထားပါ။
တိုးတက်မှုမရှိတာတွေမလုပ်ပါနဲ့
တိုးတက်မှုမရှိတာတွေကို လုပ်နေမယ်ဆိုရင် အချိန်တွေကုန်ပြီး ဘာမှအကျိုးမရှိပါဘူး။ ကိုယ့်ဘဝတက်လမ်းအတွက် အကျိုးမရှိတာတွေ၊ တိုးတက်မှုမရှိမယ့်အရာတွေကို စွန့်ပစ်ပါ။ တိုးတက်မှုရှိမယ့်အရာတွေကိုပဲ ရှာဖွေလုပ်ဆောင်ပါ။
အမြဲလေ့လာသင်ယူပါ
ဒါတက်ပြီးပြီဆိုပြီး တစ်နေရာထဲမှာ ရပ်မနေပါနဲ့။ အမြဲတမ်း လေ့လာသင်ယူနေပါ။ တစ်ခုပြီးတစ်ခု ရှာဖွေလေ့လာပါ။ အောင်မြင်မှုရသွားတဲ့သူတွေတောင် လေ့လာနေဆဲ၊ သင်ယူနေဆဲတွေ အများကြီးပါပဲ။
ဆင်ခြေမပေးပါနဲ့
ဆင်ခြေပေးလွန်းတဲ့သူတွေက ပျင်းရိတဲ့သူတွေနဲ့ တူတူပါပဲ။ အောင်မြင်မှုကိုရရှိဖို့ အလှမ်းဝေးပါတယ်။ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုတာဝန်ပေးထားရင် ပြီးအောင်လုပ်ပါ။
မပျော့ညံ့ပါနဲ့
လဲကျရင် ပြန်ထပြီး နှစ်ဆပိုကြိုးစားပါ။ တစ်ခါရှုံးနိမ့်သွားလို့ စိတ်ဓာတ်တွေကျပြီး ပြန်မထနိုင်တော့ရင်၊ ပျော့ညံ့နေရင်တော့ သူများထက်ပိုတိုးတက်အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်ရပါမယ်။
လူမှုဆက်ဆံရေးကောင်းတဲ့သူဖြစ်ပါစေ
လူမှုဆက်ဆံရေးကောင်းရင် အသိမိတ်တွေပေါပါတယ်။ အသိမိတ်ဆွေတွေပေါလေ၊ လူမှုဆက်ဆံရေးကောင်းလေ ကိုယ့်ကိုကူညီချင်တဲ့သူ ပေါလေပါပဲ။ အဆက်အသွယ်ကောင်းတွေလည်း အများကြီးရလာမှာပါ။ ဒါကြောင့် လူမှုဆက်ဆံရေးကောင်းဖို့ကလည်း အရမ်းအရေးကြီးပါတယ်။