မိန်းကလေးတွေအတွက် ဆံကေသာက အရေးပါတဲ့အရာတစ်ခုပါပဲ။ ဆံသားလှပနေရင်လည်း အလှတစ်ခုတိုးစေပါတယ်။ ဒါကြောင့် ဆံကေသာလှပပြီး ပျက်စီးမှုနည်းအောင် အမြဲဂရုစိုက်ပြီး လုပ်ဆောင်ပေးရမယ့် အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

အဖျားတွေညှပ်ပါ

ဆံပင်အဖျားတွေက ပျက်စီးမှုအများဆုံးပါ။ ဒါကြောင့် ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ထုတ်ပေးပါ။ ဒါဆိုရင် ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ပျက်စီးတာတွေလည်း မရှိတဲ့အတွက် ဆံပင်အဖျားရှူးတာမျိုးလည်း မဖြစ်တော့ပဲ အရှည်လည်းမြန်စေပါတယ်။

Conditioner or Hair Mask သုံးပါ

ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner or Hair Mask သုံးပေးခြင်းက ဆံသားပျက်စီးတာတွေ သက်သာစေပြီး ဆံသားပိုမိုကောင်းမွန်လာစေပါတယ်။

ရေများများသောက်ပါ

ရေသောက်နည်းရင် ဆံပင်သန်စွမ်းမှုနှုန်း လျော့ကျပြီး ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့။

ခဏခဏခေါင်းမဖြီးပါနဲ့

ခဏခဏခေါင်းဖြီးနေရင် ဆံပင်တွေပိုကျွတ်လာစေသလို ဆံပင်အဆီပြန်တာတွေလည်း ပိုဖြစ်လာစေပါတယ်။ ဒါကြောင့် ခဏခဏခေါင်းမဖြီးပါနဲ့။ ခေါင်းဖြီးတဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်း ဖြီးတာမျိုး မလုပ်ပါနဲ့။

ဆံပင်ပုံစံတစ်မျိုးထဲအမြဲမလုပ်ပါနဲ့

အမြဲဆံပင်ကို တင်းကြပ်နေအောင်စည်းထားတာ၊ ဆံပင်ကိုအမြဲခေါက်ပြီး လှန်တင်တာ၊ ဆံပင်ကို အမြဲတမ်း ကျစ်ဆံမြီးကျစ်ထားတာ စသဖြင့် ဆံပင်ကို ပုံစံတစ်မျိုးထဲလုပ်တာတွေက ဆံသားကျိုးကြေတာ၊ သိမ်တာတွေဖြစ်စေပြီး ဆံပင်လည်းကျွတ်စေပါတယ်။

ဆံပင်ရေစိုနဲ့မအိပ်ပါနဲ့

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခြောက်အောင်မသုတ်ပဲ အိပ်လိုက်ရင် ဆံသားပျက်စီးပြီး ဆံပင်ကျွတ်တာ၊ ဦးရေပြားဗောက်ထတာ၊ ခေါင်းကိုက်ပြီး ကျန်းမာရေးထိခိုက်တာမျိုးတွေ ဖြစ်စေပါတယ်။

Hair Styling Tools တွေလျှော့သုံးပါ

ဆံပင်ဖြောင့်စက်၊ ကောက်စက်စတဲ့ Hair Styling Tools တွေ ခဏခဏသုံးတာက ဆံသားပျက်စီးစေပြီး ဆံသားခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။ ဆံပင်ကျိုးကြေတာ၊ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်ကျွတ်တာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် Hair Styling Tools တွေကို လျှော့သုံးပါ။