ဟိုးအရင်တုန်းက အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုတော်တယ်၊ ပိုဘုန်းကြီးတယ်၊ ပိုမြင့်မြတ်တယ် စသဖြင့် သတ်မှတ်ချက်တွေ မြင့်မားခဲ့ပါတယ်​။ အခုနောက်ပိုင်းမှာတော့ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေး ပေးဖို့ လုပ်ဆောင်မှု၊ ကြိုးပမ်းမှုတွေ ပေါ်ပေါက်လာပါပြီ။ ဖော်ပြပါ အချက်တွေထဲမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ထိုက်တန်တူညီစွာ ရသင့်တဲ့ အရာတွေ ရှိပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ စိတ်ကျေနပ်မှု

အမျိုးသားတွေက ပြီးမြောက်တဲ့အချိန် စိတ်ကျေနပ်မှု ရသလို အမျိုးသမီးတွေလည်း ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ကိုယ့်လက်တွဲဖော်ကို ကိုယ် လိုချင်တဲ့ အရာကို လွတ်လွတ်လပ်လပ် ပြောပြဖို့ လိုအပ်သလို တောင်းဆိုသလို ရဖို့လည်း ပျိုမေတို့နဲ့ ထိုက်တန်ပါတယ်။

၂။ အလုပ်ကောင်းကောင်း

တချို့သူတွေဟာ အမျိုးသမိးတွေက သူဌေး၊ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။ ရာသီလာတဲ့ ပျိုမေတို့အဖို့ စိတ်အပြောင်းအလဲ မြန်တယ်ဆိုပြီး ခေါင်းဆောင် နေရာနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ ဒီလို အချိန်ကာလကြောင့် ခေါင်းဆောင် မဖြစ်နိုင်ဘူးဆိုတာက အဓိပ္ပာယ် မရှိပါဘူး။ ပျိုမေတို့ဟာ အမျိုးသားတွေလိုပဲ အလုပ်နေရာ ကောင်းကောင်း ရနိုင်ပါတယ်။

၃။ လေးစားမှု

သင်က လှပပြီး ကျက်သရေရှိကာ လေးစားမှုနဲ့ ထိုက်တန်တဲ့ အမျိုးသမီး တစ်ဦးပါ။ ဒီလို လေးစားမှုနဲ့ ထိုက်တန်ခြင်းက ဘယ်လိုအဝတ်အစား ဝတ်ဝတ် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မိန်းမသားတွေအနေနဲ့ အမျိုးသားတွေလို တန်းတူ လေးစားစွာ ဆက်ဆံခံရဖို့ ထိုက်တန်ပါတယ်။

၄။ ပီဇာနဲ့ သောက်စရာ

သင်က အဖွဲ့အစည်းအတွက် အကျိုးပြုပေးနေသူ ဖြစ်တာကြောင့် ခန္ဓာကိုယ် ဝိတ်တက်မှာကို သိပ်အာရုံစိုက်စရာ မလိုပါဘူး။ ပီဇာနဲ့ သောက်စရာ စားရတာ သဘောကျရင် ဒါကို အမျိုးသားတွေလိုပဲ လွတ်လွတ်လပ်လပ် စားနိုင်ပါတယ်။ လှနေဖို့အတွက် ကိုယ်ရေစစ်ပြီး အပြစ်ကင်းနေမှ မဟုတ်ပါဘူး။

၅။ အချစ်

မိန်းကလေးတိုင်းက အချစ်ခံရဖို့ ထိုက်တန်ပါတယ်။ သင့်ကို အချစ်အတွက် မဟုတ်ဘဲ တခြားကိစ္စအတွက် အသုံးချတဲ့ ယောက်ျားမျိုးကို မေ့ပစ်ဖို့ လိုပါတယ်။ ကိုယ်နဲ့ မထိုက်တန်တဲ့ အမျိုးသားမျိုးကို တွယ်ကပ်မနေဘဲ ကိုယ့်ကို တလေးတစား ချစ်ခင်ပေးမယ့် အမျိုးသား၊ အချစ်တွေနဲ့ ထိုက်တန်ပါတယ်။

၆။ အလေးထား အရေးတယူ ဆက်ဆံခံရတာ

အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ တခြားလူတွေဆီမှာ တလေးတစား ဆက်ဆံခံရဖို့ ထိုက်တန်ပါတယ်။ သင့်ရဲ့ အတွေးအခေါ်တွေက အမျိုးသားတွေလိုပဲ အဓိပ္ပာယ် ရှိတာကြောင့် လူတွေရဲ့ အရေးတယူ ဆက်ဆံတာကို ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်။

၇။ လုံခြုံမှု

အမျိုးသမီးတိုင်း လုံခြုံမှုကို ခံစားသင့်ပါတယ်။ အမျိုးသားတွေက လမ်းထဲ တစ်ယောက်တည်း လမ်းလျှောက်ရဲရင် အမျိုးသမီးတွေလည်း ဒီလိုပဲ လုပ်နိုင်ပါတယ်။ ကိုယ့်အတွက် လုံလောက်တဲ့ လုံခြံမှုကို အမျိုးသမီးတိုင်း ထိုက်ထိုက်တန်တန် လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar