ဘဝမှာ ပထမဆုံး ချစ်မိတဲ့သူနဲ့ လွဲသွားရခြင်းက လွယ်ကူလွန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ လူအများစုက အချစ်ဦးနဲ့ လွဲလေ့ရှိပါတယ်။ ကံကောင်းသူ အချို့ပဲ အချစ်ဦးနဲ့ ညားနိုင်ကြတာပါ။ ဒါပေမဲ့ ဒီအချစ်ဦးကို ဆုံးရှုံးသွားတာကြောင့် ကမ္ဘာမပျက်သွားနိုင်ပါဘူး။ ပထမဆုံး အချစ်မှာ အသည်းကွဲရတာက လက်ရှိမှာ အဆိုးဆုံးခံစားချက် ဖြစ်နေနိုင်ပါတယ်။ သင်က မကြာသေးခင်ကပဲ အချစ်ဦးနဲ့ လွဲသွားတာကြောင့် ခံစားရနေရတယ်ဆိုရင် ဒီအရာတွေကို သင်ယူနိုင်ကြောင်း သိထားပြီး အပြုသဘောနဲ့ တွေးသင့်ပါတယ်။

၁။ သင်က အရာရာနဲ့ ထိုက်တန်ပါတယ်

ပထမဆုံး အချစ်မှာ ကံဆိုးရခြင်းက သင့်ကိုယ်သင် မလုံလောက်ဘူး၊ လိုအပ်မှုတွေ ရှိနေတယ်လို့ ခံစားရစေပါတယ်။ နောက်တစ်ခေါက် ချစ်မိဖို့ကို ကြောက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ သင်က ကောင်းမွန်တဲ့အရာတွေနဲ့ အမြဲထိုက်တန်နေတယ်ဆိုတာ မှတ်ထားသင့်ပါတယ်။

၂။ လူတွေက ပြောင်းလဲနိုင်ပါတယ်

ဘယ်အရာမှ တသမတ်တည်း မရှိပါဘူး။ သင်ကိုယ်တိုင်တောင် မနေ့က သင်နဲ့ ဒီနေ့သင်က ပုံစံ မတူနေနိုင်ပါဘူး။ ပြောင်းလဲမှုတွေထဲမှာ လမ်းခွဲခြင်း၊ ဝေးကွာခြင်းတွေ ပါဝင်နေနိုင်ပါတယ်။ ပထမဆုံး အချစ်ကို ဆုံးရှုံးလိုက်ရခြင်းက ပြောင်းလဲခြင်းတွေကို သင်ယူနိုင်ဖို့ အခွင့်အရေးပါပဲ။

၃။ နာကျင်မှု ဆိုတာ တစ်ချိန်ချိန် သက်သာသွားမှာပါ

သင်က လက်ရှိအချိန်မှာ ဆိုးဆိုးဝါးဝါး အသည်းကွဲနေနိုင်ပါတယ်။ နာကျင်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေက တစ်ချိန်ချိန် အေးဆေး ဖြစ်သွားမှာပါ။ သင်က ဒီအချက်ကို မယုံရင် အချိန်တစ်ခု စောင့်ကြည့် ကြည့်ပါ။ ကိုယ်လုပ်စရာရှိတာတွေ၊ ကိုယ်ဝါသနာပါတာတွေပဲ ဆက်လုပ်နေသင့်ပါတယ်။

၄။ သင့်ကို အမှီအခိုကင်းစေတယ်

အချစ်ကို ဆုံးရှုံးလိုက်တဲ့အခါ သင်က တစ်ယောက်တည်း နေထိုင်နိုင်ဖို့ ခွန်အားတွေ ဖြစ်လာပါတယ်။ အရင်ထက် ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်ဆိုတဲ့ အတွေးမျိုး ဝင်လာစေပါတယ်။

၅။ သင့်ကို ပိုတိုးတက်စေတယ်

တစ်ခုခုမှာ နာကျင်လိုက်ရတာက ဒီကနေ အတွေ့အကြုံရစေပြီး သင့်ကို ပိုကြံ့ခိုင်စေပါတယ်။ သင် စိတ်နှစ်ထားတဲ့၊ အရမ်းချစ်ရတဲ့ သူနဲ့ ဝေးကွာသွားတဲ့အခါ အစပိုင်းမှာ နာကျင်ရပေမယ့် တဖြည်းဖြည်း ခွန်အားအဖြစ် ပြောင်းသွားတတ်ပါတယ်။

၆။ သင့်အတွက် အချိန်ပေးတယ်

ပထမဆုံး အချစ်ဦးကို ဆုံးရှုံးပြီးနောက်မှာတော့ သင်ဟာ အရင်ထက် တွေးတောချိန်တွေ ပိုများလာပါတယ်။ ဘယ်အရာက သင့်အတွက် ပိုကောင်းလဲ ပိုတွေးတတ်လာပါတယ်။ သင့်အကြောင်းသင် စဉ်းစားဖို့ အချိန်ပေးသလို ဖြစ်စေပါတယ်။

၇။ ကိုယ်လိုချင်တဲ့အရာကို ပိုသိစေတယ်

ပထမဆုံးအချစ်နဲ့ ဝေးကွာပြီးနောက် သင်သိလာမယ့် အရာက သင့်အကြောင်းပါ။ သင့်ဘဝမှာ အမှန်တကယ် ဘာကို လိုအပ်လဲ၊ သင်ရှေ့လျှောက်ပိုကောင်းအောင် ဘယ်လိုဖြတ်သန်းမလဲ စတဲ့အတွေးတွေကို ပေါ်ပေါက်လာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar