အိမ်မှာနေရတာ အရမ်းပျင်းလာတဲ့အခါ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တော်တော်များများကတော့ ပျင်းရင်ဖုန်းသုံးပေမယ့် တစ်ခါတစ်လေကျရင် ဖုန်းသုံးရမှာကို ပျင်းနေတတ်ပါတယ်။ ဒီတော့ အိမ်မှာပျင်းနေတဲ့အချိန် အကျိုးရှိအောင် ဒီအရာ ၇ ခုကို လုပ်ကြည့်လိုက်ပါ။
စာအုပ်ဖတ်ပါ
စာအုပ်ဖတ်တာက အပျင်းပြေသလို ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ ဗဟုသုတရမယ့်စာအုပ်တွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်တွေ၊ စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေ ဖတ်လို့ရပါတယ်။ တခြားကြိုက်တဲ့စာအုပ်တွေ ရှိရင်လည်း ဖတ်ကြည့်နော်။ ကိုယ်ဖတ်တဲ့စာထဲ စိတ်ဝင်စားနေရင် အချိန်ကုန်မှန်းတောင် သိမှာမဟုတ်တော့ဘူး။
ဝါသနာပါတာလုပ်ပါ
ဘာကိုဝါသနာပါလဲ ရှာဖွေပါ။ ပျင်းတဲ့အချိန် ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ကြည်ပါ။ ပန်းချီဆွဲတာ ဝါသနာပါရင် ပန်းချီဆွဲပါ။ ပန်းထိုး၊ ချည်ထိုးတာဝါသနာပါရင် ပျင်းတဲ့အခါ လုပ်ကြည့်ပါ။
လေ့ကျင့်ခန်းလုပ်ပါ
ပျင်းတဲ့အခါ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ့်အတွက်လည်းအကျိုးရှိသလို အပျင်းလည်းပြေစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ ကျန်းမာရေးအတွက်ကောင်းပြီး Body လည်းလှစေပါတယ်။
အိမ်ရှင်းပါ
ပျင်းနေရင် အိမ်ရှင်းလို့လည်း ရတာပဲနော်။ အိမ်မရှင်းနိုင်ရင်တောင် ကိုယ့်အိပ်ခန်းကို ရှင်းကြည့်ပါ။ အခန်းသန့်ရှင်းသပ်ရပ်သွားရင် စိတ်လည်းကြည်လင်သွားပါတယ်။
ဗဟုသုတရတဲ့ရုပ်ရှင်၊ Variety Show တွေကြည့်ပါ
ပျင်းတဲ့အခါ ရုပ်ရှင်ကြည့်ပါ။ အကျိုးရှိချင်ရင်တော့ ဗဟုသုတရတဲ့ရုပ်ရှင်တွေ၊ Variety Show တွေကြည့်ပါ။ ကိုယ့်အတွက်အကျိုးလည်းရှိသလို အပျင်းလည်းပြေစေပါတယ်။
မုန့်လုပ်စားပါ
ပျင်းတဲ့အချိန် မုန့်လုပ်စားတော့ အပျင်းလည်းပြေသလို ဗိုက်လည်းဝ၊ အရသာရှိတာလည်း စားရတာပေါ့။ အစားတစ်လိုင်းတွေအတွက်တော့ ဒါကအကျိုးအရှိဆုံးဖြစ်မှာပါ။
တရားထိုင်ပါ
ပျင်းတဲ့အချိန် လေ့ကျင့်ခန်းလည်း မလုပ်ချင်ဘူးဆိုရင် တရားထိုင်ပါ။ ကုသိုလ်လည်းရသလို စိတ်လည်းတည်ငြိမ်စေပါတယ်။ ကိုယ့်အတွက် အများကြီးအကျိုးရှိစေပါတယ်။