တစ်ခါတလေ ယောကျာ်းလေးတွေကို အဝေးတွန်းပို့တတ်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူ အတိအကျ ရှိတယ်ဆိုတာ သင့်အနေနဲ့ တွေးဖူးလား။ ယောကျာ်းလေးတွေရဲ့ အတွေးနဲ့ မိန်းကလေးတွေရဲ့ အတွေးတွေက လုံးဝကြီး ကွဲပြားနေတတ်ပါတယ်။ အခုဖော်ပြထားတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်တွေကတော့ ယောကျာ်းလေးတွေကို အဝေးရောက်သွားစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ တချို့အချက်တွေကို သင်မြင်ရင် အံ့သြသွားပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ တွေးလွန်းတာ

မိန်းကလေးတွေက တစ်ခုခုဆိုရင် အတွေးများတတ်ပါတယ်။ ဥပမာ- သင်သဘောကျတဲ့ ကောင်လေးက ပထမဆုံးရက်မှာ သင်နဲ့ လိုင်းပေါ်မှာ စကားအများကြီး ပြောတယ်ပဲ ထားပါတော့။ နောက်နေ့မှာ စကားနည်းသွားရင် သင့်အနေနဲ့ အများကြီး မတွေးသင့်ပါဘူး။ သင့်အထင်တွေကို သင်သဘောကျတဲ့ ကောင်လေးသိသွားတဲ့အခါ စိတ်ရှုပ်သွားပါလိမ့်မယ်။

၂။ ဒရာမာ Queen

ဇာတ်လမ်းထဲကအတိုင်း ဒရာမာ ချိုးတတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက စိတ်ပျက်တတ်ပါတယ်။ သင်တွဲနေတဲ့ကောင်လေးနဲ့ ပြဿနာ တက်ရင်တောင် လူမမြင်တဲ့ နေရာမှာ ဖြေရှင်းနိုင်ပါတယ်။ လူအများရှေ့ ငိုလိုက် ရယ်လိုက်နဲ့ စိတ်ခံစားချက်ပြင်းထန်တဲ့ အမူအရာတွေကို Drama Queen တွေမှာ တွေ့ရတတ်ပါတယ်။

၃။ အဆိုးမြင်စိတ်များတာ

ကောင်လေးဘက်က စကားမပြောတော့တာနဲ့ သူငါ့ကို စိတ်မဝင်စားတော့ဘူး၊ ငါက သူ့နားက မိန်းကလေးတွေလောက် မလှဘူး။ စသဖြင့် ဘယ်ကိစ္စပဲ ဖြစ်ဖြစ် အဆိုးဘက်မှာ တွေးတာ များပါတယ်။ ယောကျာ်းလေးအများစုက ဘဝကို ပျော်ပျော်ဖြတ်သန်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျတတ်ကြပါတယ်။

၄။ သူ့ကို ပြောင်းလဲဖို့ ကြိုးစားတာ

ယောကျာ်းလေးတစ်ယောက်ကို ကိုယ့်အကြိုက်ဖြစ်ဖို့ ပြောင်းလဲတာက ယောကျာ်းလေးတွေ ချဉ်သွားစေတဲ့ အရာပါပဲ။ လူတစ်ယောက် တိုးတက်အောင် ပြောတာနဲ့ ဝေဖန်တာ မတူပါဘူး။ ကိုယ်ဖြစ်ချင်တာတွေပဲ သူ့ကို ပြောနေတဲ့အခါ သူတဖြည်းဖြည်း ငြီးငွေ့လာပါလိမ့်မယ်။

၅။ တွယ်ကပ်လွန်းတာ၊ စိတ်စောလွန်းတာ

တွဲတာမှ မကြာသေးတဲ့ လူတစ်ယောက်ကို မင်္ဂလာဆောင်ဖို့အထိ သွားမပြောသင့်ပါဘူး။ ဒါ့အပြင် သူမရှိဘဲ မနေနိုင်ဘူး။ တစ်နေ့လုံး ဖုန်းပြောနေရမှ စသဖြင့် တွယ်ကပ်တတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက သဘောမကျတတ်ပါဘူး။

၆။ အယုံအကြည်နည်းတာ

သင်က သင်တွဲတဲ့သူကို အယုံအကြည်သိပ်မရှိပါဘူး။ အမြဲ သံသယ စိတ်တွေနဲ့ ကြည့်တတ်ပါတယ်။ သူနဲ့ တွေ့တဲ့ အချိန်တိုင်း သူ့ဖုန်းကို စစ်ဆေးတတ်ပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့ ကိုယ့်ကို ယုံကြည်တဲ့ မိန်းကလေးမျိုးကိုပဲ လိုချင်ကြပါတယ်။ First Date မှာတည်းက သူ့ဖုန်းကို သွားစစ်လို့ မရပါဘူး။

၇။ အတိတ်မှာနေတာ

ငါ့အရင်ရည်းစားတုန်းက အဲ့လို မဟုတ်ဘူး၊ ငါ့အရင်ကောင်လေးဆို ဘယ်လိုမျိုး စသဖြင့် အတိတ်ကနေ မရုန်းထွက်နိုင်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက တွဲရင်လည်း ခဏပါပဲ။ ယောကျာ်းလေးတွေက အတိတ်က ကိစ္စတွေကို နားထောင်ရမှာ၊ ပြောရမှာ ငြီးငွေ့တတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar