တစ်ခါတစ်လေ အရမ်းစိတ်ဖိစီးတဲ့အခါ Anxiety ကိုဆိုးရွားစွာခံစားရတဲ့နေ့တွေ ရှိတတ်ပါတယ်။ ဒီလိုနေ့တွေမှာ ထိုင်တွေးပြီး စိတ်ညစ်နေမယ့်အစား ဒီအရာ ၇ ခုကို လုပ်ရင်းနဲ့ Anxiety တွေကို လျှော့ချကြည့်ရအောင်။

တရားထိုင်ပါ

Anxiety ကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်တာပါပဲ။ တစ်နေ့ကို တစ်နာရီလောက်ထိုင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ စိတ်ကို သေချာမစုစည်းနိုင်ရင် တရားဖွင့်ပြီး တရားထိုင်ကြည့်ပါ။

ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ

ထိုင်နေရင် ဘာမှမလုပ်ပဲနေရင် ပိုတွေးဖြစ်မယ်၊ ပိုပြီးလေးလံထိုင်းမှိုင်းပါမယ်။ ဒီတော့ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု လုပ်ပေးပါ။

သီချင်းနားထောင်ပါ

ကိုယ်ကြိုက်တဲ့သီချင်းတွေ၊ မြူးကြွတဲ့ တေးသီချင်းတွေ နားထောင်ပေးခြင်းကလည်း Anxiety ဖြစ်မှုကို လျှော့ချပေးပါတယ်။

အနားယူပါ

စိတ်ရောကိုယ်ပါ အေးအေးဆေးဆေး အနားယူခြင်းကလည်း Anxiety ဖြစ်မှုကို လျှော့ချပေးနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလို ကိုယ်လက်လှုပ်ရှားအားကစားတွေလည်း မလုပ်ချင်ဘူးဆိုရင်တော့ အေးအေးဆေးဆေး အနားယူတာ၊ စာအုပ်ဖတ်တာ၊ အိပ်တာ၊ ရုပ်ရှင်ကြည့်တာတွေ လုပ်ပေးနိုင်ပါတယ်။

ပျော်စရာကောင်းတဲ့နေရာကိုသွားပါ

စိတ်ပျော်ရွှင်လာရင် Anxiety တွေလည်း ပြေပျောက်သွားမယ်၊ လျော့ကျသွားပါမယ်။ ဒီတော့ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်သွားအောင် ပျော်စရာကောင်းတဲ့နေရာတွေကို သွားလိုက်ပါ။ အချိန်ရရင် ခရီးထွက်ပါ။

တိရိစ္ဆာန်လေးတွေနဲ့ကစားပါ

တိရိစ္ဆာန်လေးတွေနဲ့ကစားပေးခြင်းကလည်း စိတ်ဖိစီးမှုတွေ stress တွေ Anxiety တွေ လျော့ကျစေပြီး စိတ်ပျော်ရွှင်စေတယ်၊ စိတ်ချမ်းသာစေပါတယ်။

Positive အတွေးတွေတွေးပါ

Anxiety ကိုလျှော့ချနိုင်ဖို့ဆိုရင် မဖြစ်မနေလုပ်ပေးရမယ့် အရေးကြီးတဲ့အချက်ကတော့ Positive ဖြစ်တဲ့အတွေးတွေ များများတွေးပေးဖို့ပါပဲ။ ဒါမှ အကောင်းဘက်ကို ပြန်ဦးတည်လာပြီး အတွေးတွေလည်း ပြောင်းလဲသွားမှာပါ။