အိမ်မှာတစ်ယောက်ထဲနေရတာ အရမ်းပျင်းလာတယ်လို့ ခံစားရရင် ဒီအရာ ၇ ခုထဲက ကိုယ်ကြိုက်နှစ်သက်ရာကိုသာ ချက်ချင်းထလုပ်လိုက်ပါ။ တချို့ကျတော့ ပျင်းရင် သူငယ်ချင်းတွေနဲ့ဒိတ်ပြီး လျှောက်သွားကြပေမယ့် သွားဖို့အဆင်မပြေတဲ့သူတွေ၊ မသွားချင်တဲ့သူတွေကျတော့ ဒီအရာတွေက အပျင်းပြေအောင် ကူညီပေးပါလိမ့်မယ်။

ရုပ်ရှင်ကြည့်ပါ

အကောင်းဆုံးကတော့ ပျင်းရင် ရုပ်ရှင်ကြည့်ပါ။ အိမ်မှာ အေးဆေးမုန့်တွေမှာစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အချိန်ဖြုန်းနိုင်ပါတယ်။

စာအုပ်ဖတ်ပါ

စာဖတ်ရတာ ဝါသနာပါတဲ့သူတွေကတော့ အိမ်မှာနေမယ့်ရက်တွေမှာ အပျင်းပြေစေဖို့ စာအုပ်တွေသာ များများစုထားပါ။ တစ်နေ့တစ်အုပ်သာဖတ်ပါ။

Skincare လုပ်ပါ

ပျင်းနေရင် မျက်နှာပေါင်းတင်တာ၊ body scrub လုပ်ပြီး ပေါင်းတင်တာမျိုးတွေကို အိမ်မှာတစ်ယောက်ထဲ လုပ်ပစ်ပါ။ ဆိုင်မသွားပဲ homemade နည်းလမ်းလေးတွေကို try ကြည့်ပါ။

Game ဆော့ပါ

Game ဆော့ရတာကြိုက်တဲ့သူဆိုရင် ပျင်းတဲ့အချိန်မှာ ၁ နာရီလောက်ပဲဖြစ်ဖြစ် game ဆော့ပါ။ တစ်နေကုန် အချိန်အကြာကြီးဆော့တော့လည်း မကောင်းပါဘူး။

ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုလုပ်ပါ

ပျင်းတယ်ဆိုပြီး အိပ်ယာထဲခွေခေါက်နေတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို လုပ်ကြည့်ပါ။ Workout လုပ်နေကျဆိုရင် workout လုပ်၊ ယောဂကျင့်တတ်ရင် ယောဂကျင့်၊ အဲ့လိုတွေလုပ်ရမှာ ပျင်းတဲ့သူဆိုရင် ညနေဘက် ပြေးတာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်ပြီး လမ်းလျှောက်တာမျိုးပဲဖြစ်ဖြစ် တစ်ခုခုလုပ်လို့ရပါတယ်။

ရေကူးပါ

ရေကူးတတ်တဲ့သူဆိုရင် ရေသွားကူးပါ။ အပျင်းပြေစေသလို၊ စိတ်ရောကိုယ်ပါ relax ဖြစ်စေပါတယ်။

အိမ်ရှင်းပါ

ဘယ်မှမသွားချင်ရင်တော့ အိမ်ရှင်းပါ။ အိမ်ရှင်းရမှာပျင်းရင် ကိုယ့်အခန်းကိုယ်ရှင်းပါ။ Decoration အပြင်အဆင်လေးတွေ ပြောင်းပြီး သန့်ရှင်းသွားရင် စိတ်ပျော်ရွှင်ရပါတယ်။