အသားအရေမွဲညစ်နေတဲ့သူတွေအနေနဲ့ ရေဓာတ်ပြည့်ဝပြီး ကြည်လင်တဲ့ မျက်နှာအသားအရေလေးကို ရရှိလာစေဖို့အတွက် ဂရုစိုက်ပြီး ပုံမှန်လုပ်ပေးရမယ့်အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးရင် အသားအရေကြည်လင်စေတယ်၊ အသားအရေလှပစေတာဖြစ်လို့ ရေသောက်ဖို့ မပျင်းပါနဲ့။ ရေသောက်နည်းတဲ့သူက Skincare ဘယ်လောက်လုပ်လုပ် အသားအရေမွဲခြောက်စေပါတယ်။ အသားအရေညစ်နွမ်းစေပါတယ်။

အစားအသောက်

အစားအသောက်စားတဲ့အခါမှာ အသီးအရွက်၊ အသီးအနှံတွေကို များများစားပါ။ ရေများများသောက်ပါ။ ပုံမှန်ထက် ပိုပြီးရေသောက်ပါ။ ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းချုပ်ရင်လည်း အသားအရေက ညစ်စေပါတယ်။

လေ့ကျင့်ခန်း

ချွေးထွက်စေမယ့် လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ ယောဂကျင့်တာဖြစ်ဖြစ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ချွေးပုပ်တွေထွက်ပြီး အသားအရေက ကြည်လင်လာစေပါတယ်။

Sunscreen

Skincare တွေလိမ်းပြီး Sunscreen မလိမ်းရင် အသားအရေ မွဲညစ်ပြီး နေလောင်လာမယ်၊ တင်းတိတ်နဲ့ အမဲစက်တွေ ထွက်လာပါမယ်။ ဒါကြောင့် Sunscreen ကိုလည်း သေချာလိမ်းပေးပါ။

Skincare Steps

Skincare Steps တွေထဲမှာ Toner, Serum , Moisturizer ကို သေချာလိမ်းပေးပါ။ အနည်းဆုံး ဒီ ၃ မျိုးကို လိမ်းပေးမယ်ဆိုရင် အသားအရေ မွဲညစ်နေတာ သက်သာပြီးတော့ အသားအရေ Bright ဖြစ်ပြီး စိုပြည်လာမှာပါ။

Sheet Mask

တစ်ပတ်နှစ်ကြိမ် ပုံမှန် Sheet Mask ကပ်ပေးမယ်ဆိုရင် အသားအရေစိုပြည်ပြီး ကြည်လင်လာစေတာကြောင့် အသားအရေ မွဲညစ်တာ သက်သာလာစေပါတယ်။

Exfoliate

တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးသင့်ပါတယ်။ ဒါမှ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်လာစေမှာပါ။